Local News

အောင်လံကုန်စည်ဒိုင်၏ စျေးနှုန်းစျေးကွက်အခြေအနေ

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်းရှိ အောင်လံကုန်စည်ဒိုင်တွင် နှမ်းမျိုးစုံ၊ ပဲမျိုးစုံ၊ မြေပဲဆံနှင့် ဝါသီးနှံတို့ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပဲစင်းငုံ၊ မတ်ပဲ၊ ကုလားပဲနှင့် ဘိုကိတ်ပဲတို့၏စျေးများမှာ အနည်းငယ်ကျနေပြီး မြေပဲဆံစျေးမှာ အတက်စျေးဖြင့် အရောင်းအဝယ် ဖြစ်နေကာ ဝါသီးနှံမှာ ယခုရက်ပိုင်း စျေးငြိမ်နေသည်ကို တွေ့ရပါသည်။ 
ဇူလိုင်လဆန်းတွင် ပဲစင်းငုံ ၂၀ပိဿာဝင် တစ်အိတ် ၁၄၁၀၀၀ကျပ်၊ မတ်ပဲ ၂၀ ပိဿာဝင် တစ်အိတ် ၁၀၅၀၀၀ကျပ်၊ ကုလားပဲ(HL)၊ ၁၉ ပိဿာဝင်တစ်အိတ် ၈၅၀၀၀၀ကျပ်၊ ကုလားပဲ (မြကြေး) ၁၉ပိဿာဝင် တစ်အိတ် ၈၉၀၀၀ကျပ်၊ ဘိုကိတ်ပြာ ၁၉ပိဿာဝင်တစ်အိတ် ၈၅၀၀၀ ကျပ် စျေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ 
ဇွန်လတွင် ပဲစင်းငုံစျေး ၂၀ပိဿာ ဝင်တစ်အိတ် ၁၄၇၀၀၀ကျပ်၊ မတ်ပဲ ၂၀ပိဿာဝင် တစ်အိတ် ၁၈၅၀၀၀ကျပ်၊ ကုလားပဲ(HL)၊ ၁၉ပိဿာဝင် တစ်အိတ် ၈၈၀၀၀ကျပ်၊ ကုလားပဲ(မြကြေး) ၁၉ ပိဿာ ဝင်တစ်အိတ် ၉၂၀၀၀ကျပ်၊ ဘိုကိတ်ပြာ ၁၉ပိဿာဝင် တစ်အိတ် ၇၅၀၀၀ကျပ် စျေးတို့ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ 
ဇွန်လနှင့် ဇူလိုင်လတို့၏ စျေးနှုန်းများကိုနှိုင်းယှဉ်ပါက ပဲစင်းငုံစျေး ၂၀ပိဿာဝင် တစ်အိတ် ၆၀၀၀ကျပ်၊ မတ်ပဲ ၂၀ပိဿာဝင် တစ်အိတ် ၈၀၀၀ကျပ်၊ ကုလားပဲ(HL)၊ ၁၉ပိဿာဝင် တစ်အိတ် ၃၀၀၀ကျပ်၊ ကုလားပဲ (မြကြေး) ၁၉ပိဿာဝင် တစ်အိတ် ၃၀၀၀ကျပ်၊ ဘိုကိတ်ပြာ ၁၉ ပိဿာဝင် တစ်အိတ် ၁၀၀၀၀ ကျပ်နှုန်း စျေးကျနေကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရသည်။  

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး
 

Category: Local News