Local News

ကြက်သွန်နီစျေးနှုန်းစျေးကွက်အခြေအနေ

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်းရှိ ကြက်သွန်နီအဓိကစိုက်ပျိုးထွက်ရှိရာ ပခုက္ကူ၊ ဆိပ်ဖြူနှင့် ရေနံချောင်းမြို့နယ်များတွင် ကြက်သွန်နီများ အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိပါသည်။ ကြက် သွန်နီစျေးမှာ ဇွန်လဆန်းပိုင်းတွင် စျေးအနည်းငယ်မြင့်တက်လာပြီး ဇူလိုင်လဆန်းပိုင်းတွင် စျေးအနည်းငယ်ကျဆင်းလာသည်။ စားဖိုဆောင်သုံးသီးနှံတစ်ခုဖြစ်သည့် ကြက်သွန်နီသီးနှံ စျေးကျလာသည့်အတွက် အိမ်ရှင်မများအဆင်ပြေလျက်ရှိပါသည်။

ဇွန်လဆန်းပိုင်းတွင် ကြက်သွန်နီစျေးမှာ တစ်ပိဿာလျှင် အရွယ်အစားအပေါ်မူတည်၍ ကျပ်(၁၂၀၀ မှ ၂၀၀၀)၊ ဇွန်လလယ်တွင် ကြက်သွန်နီတစ်ပိဿာလျင် ကျပ်(၁၆၅၀ မှ ၁၉၀၀)၊ ဇွန်လကုန်ပိုင်းတွင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၁၄၅၀ မှ ၁၉၀၀)စျေးတို့ဖြင့် တစ်ရက်လျှင် ပျှမ်းမျှ ပိဿာ(၁၀၀၀၀)မှ(၈၀၀၀၀)ထိ စျေးကွက်ထဲသို့ဝင်ရောက်ကာ အရောင်းအဝယ် ဖြစ်ခဲ့ပါ သည်။

ဇူလိုင်လဆန်းပိုင်းတွင် ကြက်သွန်နီစျေးမှာ ဇွန်လထက်အနည်းငယ်ကျဆင်းလျှက်ရှိကာ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၈၀၀ မှ ၁၈၅၀)စျေးသာရှိပြီး တစ်ရက်လျှင် ပျှမ်းမျှပိဿာချိန် (၃၅၀၀၀)မှ(၅၅၀၀၀)အထိ စျေးကွက်ထဲသို့ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ပခုက္ကူ ကုန်စည်ဒိုင်စာရင်းအရသိရှိရသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News