Local News

မော်လမြိုင်မြို့တွင်ဖြစ်ပေါ်နေသော ရေထွက်ပစ္စည်းဈေးနှုန်းအခြေအနေ

Last Updated:

မော်လမြိုင်ကုန်စည်ဒိုင်၏ ဇူလိုင်လပထမပတ်တွင်ဖြစ်ပေါ်နေသော ရေထွက်ပစ္စည်း ဈေးနှုန်းများမှာ ငါးနှပ်ခြောက်(အကြီး) တစ်ပိဿာလျှင်(၄၅၀၀၀)ကျပ်၊ ငါးနှပ်ခြောက်(အ လတ်) တစ်ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ ငါးနှပ်ခြောက်(အသေး) တစ်ပိဿာလျှင် (၂၅၀၀၀) ကျပ်၊ ငါးကွမ်းရှပ်(အကြီး) တစ်ပိဿာလျှင် အမြင့်ဆုံးဈေး(၄၂၀၀၀)ကျပ်၊ အနိမ့်ဆုံးဈေး (၃၆၀၀၀)ကျပ်၊ ငါးကွမ်းရှပ်ခြောက်(အလတ်) တစ်ပိဿာလျှင် အမြင့်ဆုံးဈေး (၃၅၀၀၀)ကျပ်၊ အနိမ့်ဆုံးဈေး (၃၁၀၀၀)ကျပ်၊ ငါးကွမ်းရှပ်ခြောက်(အသေး)တစ်ပိဿာလျှင် (၂၉၀၀၀)ကျပ်၊ ငါးကြံရွက်(အကြီး) တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်၊ ငါးကြံရွက်(အသေး) တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်တို့ဖြစ်ပြီး ပုစွန်ခြောက်ဈေးနှုန်းများမှာ ပုစွန်ခြောက်(အကြီး) တစ်ပိဿာလျှင် (၇၀၀၀၀)ကျပ်၊ ပုစွန်ခြောက်(အလတ်) တစ်ပိဿာလျှင် (၆၀၀၀၀)ကျပ်၊ ပုစွန်ခြောက် (အသေး) တစ်ပိဿာလျှင် (၅၄၀၀၀)ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး 

Category: Local News