International News

ကင်ညာမှ တရုတ်သို့ ထောပတ်သီးတင်ပို့မှု ၈၀% ကျဆင်း

Last Updated:

 မကြာသေးမီက ပြန်လည်ဖွင့်လှစ်ထားသော တရုတ်ဈေးကွက်အတွင်းသို့ ကင်ညာမှ ထောပတ်သီးတင်ပို့မှုပမာဏသည် ယခုနှစ်တွင် ၈၀% ကျဆင်းသွားခဲ့ပြီး တင်ပို့သူများသည် အမြတ်များစွာရရှိနိုင်မည့် ဥရောပနှင့် မြောက်အမေရိကဈေးကွက်များသို့ ဦးစားပေးတင်ပို့နိုင်ရန် မျက်စိကျလျက်ရှိသည်။

ကင်ညာမှ တရုတ်နိုင်ငံသို့ ထောပတ်သီးတင်ပို့မှုသည် ၂၀၂၄ ခုနှစ်၏ ပထမခုနှစ်လတွင် ၇၄၂၉၃၄ ကီလိုဂရမ်သို့ သိသိသာသာကျဆင်းသွားကြောင်း တရုတ်အကောက်ခွန်‌ဒေတာ၏ ဖော်ပြချက်အရသိရသည်။ ၎င်းသည် ယမန်နှစ်အလားတူကာလ တရုတ်နိုင်ငံမှတင်သွင်းခဲ့သော ၃၆၇၄၄၆၃ ကီလိုဂရမ်မှ သိသာစွာကျဆင်းသွားခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် ကင်ညာနိုင်ငံမှ ထောပတ်သီးတင်ပို့ရောင်းချသူများ၏ဝင်ငွေသည် ယမန်နှစ် ခုနှစ်လအတွင်း အမေရိကန်ဒေါ်လာ ၆၈၃၀၁၄၀ မှ ၁၂၃၂၁၄၉ ဒေါ်လာအထိကျဆင်းသွားခဲ့သည်။ ကင်ညာနိုင်ငံသည် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် တရုတ်နိုင်ငံသို့ ထောပတ်သီးများ စတင်တင်ပို့ခဲ့သည်။ ကင်ညာအစိုးရမှ တရုတ်ဈေးကွက်သို့ ထောပတ်သီးများတင်ပို့ရောင်းချရန် ကြိုးပမ်းခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ကင်ညာမှ အေးခဲထားသော သစ်သီးဝလံများနှင့် လတ်ဆက်သောသစ်သီးများကိုသာ တင်ပို့ခွင့်ပြုရန်တောင်းဆိုခဲ့သည်။ ထိပ်တန်းထောပတ်သီးတင်ပို့သူ Nairobi Securities Exchange စာရင်းဝင် ကုမ္ပဏီ Kakuzi Plc က ပီရူးနှင့် မက္ကဆီကိုတို့ကဲ့သို့သော တောင်အမေရိက ထောပတ်သီးများပမာဏကျဆင်းမှုသည် ကင်ညာထောပတ်သီးများအတွက် လမ်းကြောင်းဖွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း မကြာသေးမီကပြောကြားခဲ့သည်။ တရုတ်၊ အိန္ဒိယနှင့် အရှေ့အလယ်ပိုင်းတို့မှ ရေရှည်တိုးတက်မှုများအတွက် ဖြစ်နိုင်ချေများကို ကမ်းလှမ်းနေသော်လည်း လက်ရှိတွင် ဥရောပအား အစားထိုးရန်အတွက် အားနည်းလျက်ရှိကြောင်း၊ ဈေးကွက်အတွင်း စူးစမ်းလေ့လာခြင်းဖြင့် အနာဂတ်ဈေးကွက်အနှောင့်အယှက်များအား တားဆီးပေးနိုင်ကြောင်း Kakuzi ဥက္ကဋ္ဌ Nicholas Nganga က ပြောကြားခဲ့သည်။

Source: carnewschina

Source: https://www.doca.gov.mm

Category: International News