ဧရာဝတီတိုင်းဒေသကြီး ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ငါးကြင်းပိဿာချိန် ၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဝါးခယ်မမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများရောင်းဝယ် ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းဌေးက ပြောပြ၍ သိရသည်။ ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ စက်တင်ဘာလအတွင်းက ငါးကြင်းပိဿာချိန် ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး အောက်တိုဘာလအတွင်း ငါးကြင်းပိဿာချိန် ၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ငါးကြင်းများကို ရန်ကုန်ဈေးကွက်မှ ဝယ်လိုအား ကောင်းလာခြင်းကြောင့် တင်ပို့ အားတက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “လက်ရှိ ငါးကြင်းဈေးကလဲ အရောင်းအဝယ်ကောင်းနေပါတယ်။ ရန်ကုန်ဈေး ကွက်ဘက်က အဝယ်လိုက်နေတာကြောင့် ငါးကြင်းတင်ပို့မှု များပြားခဲ့တာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်က ငါးကြင်း တွေကို အောက်တိုဘာလ ပထမပတ်ကစပြီး ဝယ်ယူမှုများပြားခဲ့တာပါ” ဟု ဝါးခယ်မမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ဝင်းဌေးက ပြောပြသည်။ ဝါးခယ်မမြို့နယ်တွင် ဒေသရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းရှင်များသည် ရေထွက်ကုန်များကို ဝယ်ယူပြီး ဒေသဈေးအပြင် ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေကြောင်း၊ အဆိုပါရန်ကုန်ဈေးကွက်မှ တစ်ဆင့်အခြားဒေသများသို့ ဆက်လက် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ