Local News

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ကင်းမွန်ပိဿာချိန် ၈၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ကင်းမွန်ပိဿာချိန် ၈၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မအူပင်မြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်ဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးစိုးက ပြော ပြ၍ သိရသည်။ မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ယခုနှစ် စက်တင်ဘာလ တစ်လအတွင်း ကင်းမွန်ပိဿာချိန် ၆၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ပြီးခဲ့သည့်အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိ တစ်လအတွင်း ကင်းမွန်ပိဿာချိန် ၈၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ကင်းမွန်အကြီးတစ်ပိဿာလျှင် ငွေကျပ် ၂၉၅၀၀၊ အသေးတစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ “မအူပင်မြို့နယ်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာလက ကင်းမွန်ပိဿာချိန် ၈၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိမှာလဲ ကင်းမွန်တွေ အဝင်များ ပြီး အရင်ကထက် ပိုမိုတင်ပို့ရောင်းချနေရပါတယ်။ မအူပင်မြို့နယ်ကနေ ထွက်ရှိတဲ့ ကင်းမွန်တွေကို ရန်ကုန်ဈေးကွက် ကို အဓိကတင်ပို့ရောင်းချလျက်ရှိပါတယ်။ အခု ပြည်တွင်းဈေးကွက်ကနေ ကင်းမွန်တွေ ဝယ်ယူမှုများပြားနေပါတယ်” ဟု မအူပင်မြို့နယ် ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးစိုးက ပြောပြ၍ သိရသည်။ မအူပင်မြို့နယ်တွင် ကင်းမွန်များကို စနစ်တကျစစ်ဆေးသန့်စင်ပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေကြောင်း၊ အဆိုပါကင်းမွန်များ ဝယ်ယူမှုများပြားလာ‌သည့်အတွက် ကုန်သည်များ၊ ရေလုပ်သားများ၊ ပွဲရုံပိုင်ရှင်များ၊ ကုန်တင်ယာဉ် အငှားလိုက်သည့် လုပ်ငန်းလုပ်ကိုင်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလျက်ရှိကြောင်း ဒေါ်အေးစိုးထံမှ သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News