ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်တွင် သီးနှံမျိုးစုံနှစ်စဉ်စိုက်ပျိုးလျက်ရှိရာ မိုးနှမ်းသီးနှံစုစုပေါင်း ၃၂၂၆ ဧက စိုက်ပျိုးထားရှိပြီး ဝါးတောကျေးရွာအုပ်စု ဖားအိုင့်ကျေးရွာ၌ မိုးနှမ်း ၁၇ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။ မိုးနှမ်းကို ဇွန်လဆန်းပိုင်းတွင် စတင်စိုက်ပျိုးပြီး အောက်တိုဘာလတွင် ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုအတွက် မျိုး၊ လုပ်သားခ၊ သွင်းအားစုအပါအဝင် တစ်ဧကလျှင် ငွေကျပ်လေးသိန်းခန့် ကုန်ကျပြီး တစ်ဧကလျှင် ၁၀ ခန့် ကုန်ကျပြီး တစ်ဧကလျှင် ၁၀ တင်းခန့် ထွက်ရှိကြောင်း၊ ယခုနှစ် မိုးနှမ်းတစ်တင်းလျှင် ငွေကျပ် ၁၅၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်ဧကလျှင် ငွေကျပ် ၁၁ သိန်း အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရွှေတောင်မြို့ပေါ်ရှိ သီးနှံပွဲရုံများသို့ ရောင်းချလျက်ရှိပြီး ယခင်နှစ်ကထက် တစ်တင်းလျှင် ငွေကျပ် ၅၀၀၀၀ ပိုမိုရရှိသောကြောင့် တောင်သူများ အကျိုးအမြတ် ရရှိလျက်ရှိကြောင်း သိရှိရသည်။
Source: မြန်မာ့အလင်းသတင်းစာ