Local News

အောင်လံကုန်စည်ဒိုင်၏ သီးနှံမျိုးစုံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Last Updated:

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်တွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (စတုတ္ထပတ်)အတွင်း လယ်ယာထွက်ကုန်သီးနှံမျိုးစုံဖြစ်သည့် နှမ်းနှင့်ပဲမျိုးစုံသီးနှံများမှာ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိရာ နှမ်းနက်(စမုံ) (၄၅) ပိဿာပါ (၁) အိတ်လျှင် ကျပ်(၃၅၀၀၀၀-၃၈၀၀၀၀)ဖြင့် အိတ် (၂၀၀၀) ကိုလည်းကောင်း၊ နှမ်းပြာ(၄၅)ပိဿာပါ (၁) အိတ်လျှင် ကျပ် (၃၄၀၀၀၀) ဖြင့် အိတ် (၃၀၀) ကိုလည်းကောင်း၊ နှမ်းနီ (၄၅) ပိဿာပါ (၁)အိတ်လျှင် ကျပ် (၃၄၀၀၀၀) ဖြင့် အိတ် (၁၈၀) ကိုလည်းကောင်း၊ နှမ်းဖြူ (၄၅) ပိဿာပါ (၁) အိတ်လျှင် ကျပ် (၃၅၀၀၀၀) ဖြင့် အိတ် (၉၀) ကိုလည်းကောင်း နှမ်းသီးနှံမှာ ဖေဖော်ဝါရီလ(ပထမပတ်)မှ (စတုတ္ထပတ်) အထိ ဈေးနှုန်းများပြောင်းလဲခြင်းမရှိဘဲ ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ကုလားပဲ (HL) (၁) တင်းလျှင် ကျပ် (၈၆၀၀၀-၉၅၀၀၀) ဖြင့် (၃၀) ပိဿာပါ အိတ် (၇၀၀) အိတ်ကိုလည်းကောင်း၊ ကုလားပဲ (မြကြေး) (၁) တင်းလျှင် ကျပ် (၈၃၀၀၀-၉၅၀၀၀) ဖြင့် (၃၀) ပိဿာပါအိတ် (၄၅၀) အိတ်ကိုလည်းကောင်း၊ မတ်ပဲ (၁) တင်းလျှင် ကျပ် (၉၁၀၀၀-၉၆၅၀၀) ဖြင့် (၃၀) ပိဿာပါ အိတ် (၁၅၀) အိတ်ကိုလည်းကောင်း၊ ပဲစင်းငုံနီ (၁) တင်းလျှင် ကျပ် (၁၁၅၆၀၀-၁၂၄၅၀၀) ဖြင့် (၃၀) ပိဿာပါ အိတ် (၇၀၀) အိတ်ကိုလည်းကောင်း၊ ဘိုကိတ်ပြာ (၁) တင်းလျှင် ကျပ် (၆၈၀၀၀-၇၈၅၀၀) ဖြင့် (၃၀) ပိဿာပါ အိတ် (၈၀) အိတ်ကိုလည်းကောင်း၊ ပဲတီစိမ်း(ဆောင်း) (၁)တင်းလျှင် ကျပ် (၆၈၀၀၀-၇၅၀၀၀) ဖြင့် (၃၀) ပိဿာပါ အိတ် (၅၀၀) အိတ်ကိုလည်းကောင်း၊ ပဲတီစိမ်း(မိုး) (၁) တင်းလျှင် ကျပ် (၅၈၀၀၀-၆၃၀၀၀) ဖြင့် (၃၀) ပိဿာပါ အိတ် (၃၀၀) အိတ်ကိုလည်းကောင်း၊ ပဲကြီး (၁) တင်းလျှင် ကျပ် (၉၂၀၀၀-၁၂၄၀၀၀) ဖြင့် (၃၀) ပိဿာပါ အိတ် (၂၀၀) အိတ်ကိုလည်းကောင်း၊ မြေပဲလုံးဆံ(ဖြူ)(၁) ပိဿာလျှင် ကျပ် (၆၈၀၀-၆၉၀၀) ဖြင့် (၃၀) ပိဿာဝင်အိတ် (၆၀၀) အိတ်ကိုလည်းကောင်း၊ မြေပဲလုံးဆံ(နီ) (၁) ပိဿာလျှင် ကျပ်(၇၂၀၀-၈၀၀၀)ဖြင့် (၃၀) ပိဿာဝင်အိတ် (၁၀၀) အိတ်ကိုလည်းကောင်း၊ မြေပဲတောင့်အစို (၁) တင်းလျှင် ကျပ်(၂၇၀၀၀-၂၈၀၀၀)ဖြင့် (၂၇၀၀)တင်းကိုလည်းကောင်း၊ ဝါ(၁)ပိဿာလျှင် ကျပ် (၃၁၀၀-၃၄၀၀)ဈေးနှုန်းဖြင့် ပိဿာ(၁၅၀၀၀) အသီးသီးအရောင်းအဝယ်ရှိခဲ့ပါသည်။ ပဲကြီး၊ ကုလားပဲသီးနှံတို့မှာ သီးနှံအသစ်ထွက်ရှိလျက်ရှိပြီး ပဲမျိုးစုံသီးနှံမှာလည်း ဖေဖော်ဝါရီလ(ပထမပတ်)မှ (စတုတ္ထပတ်အတွင်း ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပြီး အရောင်းအဝယ်ခပ်ပါးပါးမျှသာရှိကြောင်းနှင့်  ပဲတီစိမ်း၊ မတ်ပဲ၊ ဘိုကိတ်ပြာ၊ ပဲစင်းငုံနီနှင့် ဝါသီးနှံတို့ကို ရန်ကုန်မြို့သို့လည်းကောင်း၊ နှမ်းနက်စမုံ၊ နှမ်းပြာ၊ နှမ်းဖြူတို့ကို မန္တလေးမြို့သို့လည်းကောင်း၊ နှမ်းနီကို အောင်လံမြို့နယ်တွင်းရှိ ဆီစက်လုပ်ငန်းရှင်များသို့လည်းကောင်း၊ ကုလားပဲနှင့် ပဲကြီးတို့ကို အောင်လံမြို့နယ်တွင်းရှိ ကုလားပဲခွဲစက်များသို့ ပေးပို့ရောင်းချရကြောင်း၊ မြေပဲလုံးဆံနီနှင့် မြေပဲလုံးဆံဖြူတို့ကို အောင်လံနှင့် သရက်မြို့နယ်ရှိ ပဲကြော်လုပ်ငန်းရှင်များသို့ ပေးပို့ရောင်းချလျက်ရှိကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News