Local News

ဧရာဝတီ ကွမ်းသီး ဝယ်လက်မရှိလို့စျေးကွက်ပျောက်နေ

Last Updated:

ဧရာဝတီတိုင်းကထွက်ရှိတဲ့ ကွမ်းသီးစျေးကွက် ဝယ်လိုအားမရှိတာကြောင့် စျေးကွက်ပျောက်နေတယ်လို့ ကွမ်းသီးရောင်းဝယ်ရေးလုပ်ကိုင်သူတွေဆီက‌ နေသိရပါသည်။ လက်ရှိ  ဧရာဝတီတိုင်းက  ပွဲရုံတွေဟာ  တနင်္သာရီတိုင်းကထွက်တဲ့ ကွမ်းသီးကိုသာ  အဓိကဝယ်ယူနေပြီး ဒေသထွက်ကွမ်းသီးကို ဝယ်ယူမှုမရှိသလောက်ဖြစ်နေတာကြောင့် ကွမ်းသီးစျေးကွက်ပျောက်နေရခြင်းဖြစ်တယ်လို့သိရပါတယ်။

"ဧရာဝတီဘက်က ကွမ်းသီးကို  ပွဲရုံအတော်များများက  မသုံးကြဘူး၊ ပြည်ပကအဝယ်မရှိ၊ ရေးတို့ဘိတ်တို့ကအများ ဆုံးညထွက်တော့အခုပြည်တွင်းစျေးကွက်ကသူတို့ဟာနဲ့တင်အဆင်ပြေနေကြတာ၊ ဧရာဝတီက အလုံးသေးတော့သိပ်မသုံးကြဘူး" လို့ ဧရာဝတီတိုင်း ထွက်ကွမ်းသီးကို ရောင်းဝယ်ရေးလုပ်နေသူတစ်ဦးကပြောပါသည်။ ဧရာဝတီတိုင်းကထွက်ရှိတဲ့ ကွမ်းသီးစျေးကွက်သည်ယခင် စျေးအမြင့်ဆုံး တစ်ပိဿာကို ၉၀၀၀ ထိရရှိခဲ့ပေမယ့် လက်ရှိမှာတော့ ကွမ်းသီးအခွံချွတ်ပြီးသားအလုံး တစ်ပိဿာကို ၂၅၀၀ ကျပ်သာရှိပြီး ဝယ်ယူသူမရှိသလောက်ဖြစ်နေတယ်လို့ သိရပါသည်။

ဒါကြောင့် ဧရာဝတီမှ ကွမ်းသီးစိုက်ပျိုးသူတွေအနေနဲ့ စီးပွားဖြစ်လုပ်ငန်းအဖြစ် ခြံနဲ့စိုက်ပျိုးတာမျိုးထက် နေအိမ်မှာသာတပိုင်တနိုင်စိုက်ပျိုးမှုရှိ‌ေနကြပြီး တပိုင်တနိုင်စိုက်ပျိုးထွက်ရှိတဲ့ကွမ်းသီးကိုပင် စျေးကွက်ဝယ်လိုအားမရှိဖြစ်နေရခြင်းဖြစ်ပါသည်။ ဧရာဝတီတိုင်းအတွင်းမှ ကွမ်းသီးကို ပုသိမ်၊ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်း၊  ညောင်တုန်း၊ မအူပင်၊ ဝါးခယ်မ၊ ပန်းတနော်၊ ကန်ကြီးထောင့် အပါအဝင်စတဲ့ မြို့နယ်တွေမှာ အများဆုံးစိုက်ပျိုးတာဖြစ်ပါသည်။

တိုင်းအတွင်းက ထွက်ရှိတဲ့ ကွမ်းသီးကို ကွမ်းသီးစိမ်းနဲ့ ကွမ်းသီးခြောက် ရောင်းချကြပြီး အဓိက ရန်ကုန်စျေးကွက်ကိုသာ တင်ပို့ရောင်းချရတာဖြစ်တယ်လို့သိရပါသည်။ လက်ရှိမှာ ဧရာဝတီတိုင်းအပါအဝင် ကျန်တိုင်းဒေသကြီးကထွက်ရှိတဲ့ ကွမ်းသီးတွေဟာ ပြည်ပကိုတင်ပို့ရမှု မရှိသလောက်နည်းနေတာကြောင့် ပြည်တွင်းကိုပဲအဓိကအားကိုးရောင်းချနေရတာဖြစ်ပါတယ်။

Source: (AMIA)

Source: Awba

Category: Local News