Local News

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း ငါးသလောက် ပိဿချိန် ၈၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း ငါးသလောက် ပိဿချိန် ၈၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ် ရေထွက် ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီထွန်းက ပြောပြသည်။ လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ငါးသလောက် ပိဿချိန် ၆၅၀၀၀ ထိသာ တင်ပို့ရောင်း ချနိုင်ခဲ့ပြီး ဩဂုတ် ၁ ရက်မှ ၃၁ ရက်ထိ ငါးသလောက် ပိဿချိန် ၈၂၀၀၀ ထိ တင်ပို့ရောင်းချ နိုင်ခဲ့ကြောင်း၊ အဆိုပါဒေသမှ ငါးသလောက်များကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုများနေကြောင်း သိရသည်။

“လပွတ္တာမြို့နယ်ကနေ ရေထွက်ကုန်တွေ ရန်ကုန်ဈေးကွက်ကို ပုံမှန်တင်ပို့ရောင်းချနေပါတယ်။ ဒေသထွက် ငါးသလောက်တွေကို ဩဂုတ်လအတွင်း ငါးသလောက်ပိဿချိန် ၈၂၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ တင်ပို့ရောင်းချခဲ့တဲ့ငါးသလောက်တွေက လတ်ဆတ်မှုရှိပါတယ်။ အခုလထဲမှာလဲ ငါးသလောက်တွေကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေပါတယ်” ဟု လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီထွန်းက ပြောပြသည်။ လပွတ္တာမြို့နယ်မှ တင်ပို့ရောင်းချခဲ့သည့် ငါးသလောက်အသေးတစ်ပိဿလျှင် ငွေကျပ် ၂၀၅၀၀၊ အလတ် တစ်ပိဿလျှင် ငွေကျပ် ၃၅၅၀၀ မှ ၄၅၅၀၀ ၊ အကြီးတစ်ပိဿလျှင် ငွေကျပ် ၆၅၀၀၀ မှ ၁၁၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ အဆိုပါငါးသလောက်များ ပုံမှန် တင်ပို့ရောင်းချရသည့်အတွက် ရေလုပ်သားများ ကုန်သည်များ ကုန်တင်ယာဉ် အငှားလိုက်သူများ အဆင်ပြေနေကြောင်း သိရှိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News