International News

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းသစ်များကို ယူဆောင်လာ

Last Updated:

တရုတ်နှင့် အာဖရိက စွန့်ဦးတီထွင်သူများသည် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ်တွင် နှစ်ဘက်အကျိုးရလာဒ်များရှိသည့် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများ (win-win cooperation opportunities) ကိုဖော်ဆောင်မျှဝေ သွားနိုင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ တကာ ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ ဒုတိယဥက္ကဋ္ဌ Zhang Shaogang က ပေကျင်းမြို့၌ အင်္ဂါနေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (Forum on China-Africa Cooperation -FOCAC) ၂၀၂၄ ထိပ်သီးအစည်းအဝေး၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည့် တရုတ်နှင့် အာဖရိက လုပ်ငန်းရှင်များ၏ အဋ္ဌမအကြိမ်မြောက် ညီလာခံသည် တရုတ်နှင့် အာဖရိကကြား ကုန်သွယ်မှုဆက်ဆံရေးကို အဆင့်သစ်တစ်ခုသို့ မြှင့်တင်ရန်အတွက် ကူညီပေးလိမ့်မည်ဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော တရုတ်နှင့် အာဖရိက စွန့်ဦးတီထွင်သူများ ညီလာခံကို သုံးနှစ်တစ်ကြိမ် ကျင်းပခဲ့ပြီး ယခုနှစ်တွင် တရုတ်နိုင်ငံမှ ကိုယ်စားလှယ် ၃၈၂  ဦးနှင့် အာဖရိကနိုင်ငံမှ ကိုယ်စားလှယ် ၄၀၈ ဦးတို့ကို ဖိတ်ကြားခဲ့သည်။

၂၀၂၄ ခုနှစ် စက်တင်ဘာ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပမည့် ၂၀၂၄ FOCAC ထိပ်သီး အစည်းအဝေး၏ ဆောင်ပုဒ်နှင့်အညီ တရုတ်နှင့် အာဖရိက စွန့်ဦးတီထွင်သူများ အဋ္ဌမအကြိမ်မြောက်ညီလာခံကို စက်တင်ဘာ ၆ ရက်နေတွင် ပေကျင်းမြို့၌ ကျင်းပမည်ဖြစ်သည်။ “စက်မှုဆိုင်ရာနှင့် ထောက်ပံ့ရေးကွင်းဆက်များ ပေါင်းစည်းမှုမြှင့်တင်ရေး” နှင့် “ထွန်းသစ်စ စက်မှုလုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး” စသည့် ခေါင်းစဉ်နှစ်ခုကို အဓိကထား ဆွေးနွေးသွားမည် ဖြစ်သည်။

စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက်များ ပေါင်းစည်းမှုကို မြှင့်တင်ရာတွင် တရုတ်နိုင်ငံ သည် အမျိုးအစားအားလုံးနှင့်ဆက်နွယ်သည့် စက်မှုလုပ်ငန်းများအတွက် တစ်ခုတည်းသော နိုင်ငံတစ်ခု ဖြစ်သည်။ အာဖရိကသည် ဖွံ့ဖြိုးဆဲနိုင်ငံများ စုစည်းနေထိုင်ရာ တိုက်ကြီးတစ်ခုဖြစ်သည်။ တရုတ်နှင့် အာဖရိကတို့သည် ကြီးမားသောပေါင်းစပ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် ကျယ်ပြန့်သောနေရာများကို ပိုင်ဆိုင်ထားကြသည်။

စက်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်များ ပေါင်းစည်းမှုကို တိုးတက်စေရန် China International Supply Chain Expo ကဲ့သို့သော စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ပလက် ဖောင်းများကို တရုတ်နှင့် အာဖရိကမှ တက်သစ်စလုပ်ငန်းရှင်များအနေဖြင့် ကောင်းစွာအသုံးပြုရမည် ဖြစ်သည်။

တရုတ်နိုင်ငံသည် အရည်အသွေးပြည့် ထုတ်လုပ်မှုစွမ်းအားသစ်များ ပြုစုပျိုးထောင်ရေး လုပ်ငန်းစဉ်ကို အရှိန်မြှင့်လုပ်ဆောင်နေပြီး အာဖရိကအနေဖြင့် ခေတ်မီတိုးတက်ရေးနှင့် လွတ် လပ်သော ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ရောက်ရှိနိုင်ရန် ၎င်း၏ ကိုယ်ပိုင်လမ်းကြောင်းကို ရှာဖွေလျက်ရှိသည်။

အာဖရိကနိုင်ငံများနှင့် တရုတ်နိုင်ငံတို့သည် ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက် ရေးနှင့် ဉာဏ်ရည်အတု (Artificial Intelligence-AI) ကဲ့သို့သော နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုများအတွက် အလားအလာကောင်းများ မျှဝေခံစားနိုင်သည်။ တရုတ်နှင့် အာဖရိကမှ လုပ်ငန်းရှင်များသည် ထွန်းသစ်စ လုပ်ငန်းကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ စက်မှုလုပ်ငန်းသစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အတူတကွ လုပ်ဆောင်ကြရမည် ဖြစ်သည်။

ဒစ်ဂျစ်တယ်စီးပွားရေးတွင် တရုတ်နိုင်ငံအနေဖြင့် အာဖရိကနိုင်ငံများသို့ ၎င်းတို့၏ ဒစ်ဂျစ်တယ် နည်းပညာ အခြေခံအဆောက်အအုံများ တည်ဆောက်ရာတွင် တက်ကြွစွာပံ့ပိုးကူညီပေးလျက်ရှိသည်။ FOCAC စတင်တည်ထောင်ချိန်မှစ၍ တရုတ်ကုမ္ပဏီများသည် အာဖရိကနိုင်ငံများ၌ သုံးစွဲသူဦးရေ သန်း ၇၀၀ နီးပါးအတွက် ကွန်ရက်ဝန်ဆောင်မှု (network services) များပေးနိုင်ရန် ကူညီပေးခဲ့ကြောင်း တရုတ်အပြည်ပြည်ဆိုင်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးအသင်း (China Chamber of International Commerce) ၏ အထွေထွေအတွင်းရေးမှူး Sun Xiao က ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် တရုတ်ကုမ္ပဏီများသည် အာဖရိကနိုင်ငံများ၏ e-commerce လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ဒစ်ဂျစ်တယ်ငွေပေးချေမှု၊ စမတ်ထောက် ပံ့ပို့ဆောင်ရေး (Smart Logistics) နှင့် အခြားနယ်ပယ်များ၌ အတွေ့အကြုံများမျှဝေလျက် အီသီယိုးပီးယားနှင့် တောင်အာဖရိကတို့အပါအဝင် အာဖရိကနိုင်ငံများ၌ ၎င်းတို့၏ e-commerce ဂေဟစနစ်ကို တည်ဆောက်ရန် ကူညီပေးခဲ့သည်။

တရုတ်နှင့် အာဖရိကနိုင်ငံများသည် မိတ်ကောင်းဆွေကောင်း၊ ညီအစ်ကိုကောင်းနှင့် မိတ်ဖက် ကောင်းများဖြစ်သည်။ မကြာသေးမီ နှစ်များအတွင်း တရုတ်နှင့် အာဖရိက နှစ်နိုင်ငံမှ ခေါင်း ဆောင်များ၏ မဟာဗျူဟာလမ်းညွှန်မှုဖြင့် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် ရလဒ်ကောင်းများ ရရှိခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင် တရုတ်နှင့် အာဖရိကကြား စီးပွားရေးကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၂၈၂ ဒသမ ၁ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်မှစ၍ ၁၁ ရာခိုင်နှုန်း နီးပါး မြင့်တက်လာကာ နှစ်နှစ်ဆက်တိုက် စံချိန်တင်မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သော သုံးနှစ်တာကလ အတွင်း တရုတ်ကုမ္ပဏီများသည် အာဖရိကနိုင်ငံများ၌ အလုပ်အကိုင် နေရာပေါင်း ၁ ဒသမ ၁ သန်းကျော် ကို ဖန်တီးပေးနိုင်ခဲ့သည်။

ကိန်းဂဏန်းအချက်အလက်များအရ တရုတ်နဲ့ အာဖရိကတို့အကြား စီးပွားရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာသည့်နှင်အမျှ တိုးတက်မှု အရှိန်အဟုန်ကိုလည်း ထိန်း သိမ်းထားနိုင်ခဲ့သည်။ တရုတ်နိုင်ငံသည် အာဖရိက၏ အကြီးဆုံးကုန်သွယ်ဘက်နိုင်ငံအဖြစ် ၁၅ နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့သည်။ တရုတ်နှင့် အာဖရိကတို့အကြား ကုန်သွယ်မှုပမာဏသည် တစ်နှစ်ထက်တစ်နှစ် ၅ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ယွမ်ငွေ ၁ ဒသမ ၁၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၆၆ ဒသမ ၆ ဘီလီယံ) ရှိကြောင်း တရုတ်အကောက်ခွန် အထွေထွေအုပ် ချုပ်ရေးအဖွဲ့၏ အချက်အလက်များအရ သိရသည်။

အရင်းမြစ်။ http://www.chinadaily.com.cn/a/202409/04/WS66d7c168a3108f29c1fca0a5.html

လျန်ရှန်းမုန်

စီးပွားရေးသံမှူး၊

တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: International News