Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ မတ်လကုန်သွယ်မှုလျာထားချက်မှာပို့ကုန် (၂၀.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၂၂.၅၀၀) ဒေါ်လာသန်းဖြစ်ပါသည်။

မတ်လ(၂)ရက်နေ့အထိအမှန်ကုန်သွယ်မှုမှာပို့ကုန်(၂.၇၄၀) ဒေါ်လာသန်း၊ သွင်းကုန်(၀.၂၆၁)ဒေါ်လာသန်း၊ စုစုပေါင်း(၃.၀၀၂)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၁၃.၃၄၁%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

မတ်လ(၂)ရက်အတွင်းပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ဖရဲသီး၊ ရွှေဖရုံသီး၊ငရုတ်သီးနှင့် ကြက်သွန်နီတို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများတင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်မှ မတ်လ(၂)ရက်နေ့အထိပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀)ယွမ်/ (၃၄၇)ဒေါ်လာတို့ဖြင့် တန်ချိန် (၁၅၀၀၀)တန်၊ တန်ဖိုး(၅.၂၀၁) ဒေါ်လာသန်း၊ကြက်သွန်နီတင်ပို့မှုအနေဖြင့် တန်ချိန် (၂၇၃) တန်၊ တန်ဖိုး(၀.၀၈၁) ဒေါ်လာသန်း၊ငရုတ်သီးတင်ပို့မှုအနေဖြင့် တန်ချိန် (၁၇၀)တန်၊ တန်ဖိုး(၀.၀၈၄)ဒေါ်လာသန်း၊ဖရဲသီးတန်ချိန် (၂၀၀) တန်၊ တန်ဖိုး (၀.၀၁၈) ဒေါ်လာသန်းနှင့်ရွှေဖရုံသီးတင်ပိုမှုအနေဖြင့် တန်ချိန် (၅၃၉) တန်၊ တန်ဖိုး(၀.၀၅၄)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာသံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊လိမ္မော်သီးနှင့် လူသုံးအဝတ်အထည်များဖြစ်ပြီးရင်းနှီးပစ္စည်းတန်ချိန် (၁၁၉.၁၀)တန်၊ တန်ဖိုး(၀.၀၈၈)ဒေါ်လာသန်း၊လုပ်ငန်းသုံးပစ္စည်းတန်ချိန် (၄၆၃.၃၀) တန်၊ တန်ဖိုး (၀.၃၇၈) ဒေါ်လာသန်း၊ လူသုံးပစ္စည်းတန်ချိန် (၁၇၈.၈၀) တန်၊ တန်ဖိုး (၀.၀၇၆) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။ ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာတင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

Source: https://commerce.gov.mm

Category: Local News