Local News

ကြက်သွန်နီ ဈေးကွက်အခြေအနေ

Last Updated:

မတ်လ ပထမပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာပွဲရုံသို့ ကြက်သွန်နီများ နေ့စဉ် ပိဿာချိန် (၂၀၀၀၀)ကျော် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံသို့ ဝင်ရောက်လာသော ကြက်သွန်နီများ ဒေသတွင်းအဆွဲများရှိခြင်း၊ ရန်ကုန်-မန္တလေးနှင့် ချင်းတွင်းအထက် မြစ်ရိုးတစ်လျှောက် တင်ပို့လျက်ရှိကြောင်းသိရသည်။

ယခုတစ်ပတ်အတွင်း မုံရွာပွဲရုံများတွင် ဝင်ရောက်လျက်ရှိသော ကြက်သွန်နီ ပေါက်ဈေးနှုန်းများမှာ (၁) ပိဿာ ပေါက်ဈေးနှုန်းများမှာ လက်ကား (ကြီး) (၂၂၀၀-၂၀၀၀)ကျပ်၊(လတ်) (၁၉၀၀-၁၇၀၀)ကျပ်၊ (သေး) (၁၆၀၀-၁၅၀၀)ကျပ်ပေါက်ဈေးရှိပြီး အလုံးဆိုဒ် အစိုအခြောက် အရောင်အသွေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုများ ရှိပါသည်။ ကြက်သွန်နီ လက်လီ ဈေးနှုန်းများမှာ (ကြီး) (၂၅၀၀-၂၃၀၀)ကျပ်၊ (လတ်) (၂၂၀၀-၂၀၀၀)ကျပ်၊ (သေး) (၁၈၀၀-၁၆၀၀)ကျပ်ရှိပါသည်။ ကြက်သွန်ဖြူ လက်ကားဈေးမှာ (ဗမာ)(၉၅၀၀-၈၅၀၀)ကျပ်၊ (ရှမ်းစ) (၈၀၀၀-၇၀၀၀)ကျပ်၊ ကြူကုတ် (၇၅၀၀-၆၈၀၀)ကျပ်ရှိပြီး ကြက်သွန်ဖြူ လက်လီဈေးမှာ (ဗမာ)(၁၀၀၀၀-၉၀၀၀)ကျပ်၊ (ရှမ်းစ) (၈၅၀၀-၇၅၀၀)ကျပ်၊ ကြူကုတ် (၇၂၀၀-၈၁၀၀)ကျပ်ဖြင့် ပစ္စည်းအရည်အသွေးပေါ်မူတည်ပြီး အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

Category: Local News