Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Last Updated:

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသောပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ ၂၀၂၄ ခုနှစ် ဖေဖော် ဝါရီလကုန်သွယ်မှုလျာထားချက်မှာအမေရိကန်ဒေါ်လာ (၂၀.၅၀၀) သန်းဖြစ်ပြီး (၂၉-၂-၂၀၂၄) ရက်နေ့ထိအမှန်ဆောင်ရွက်နိုင်မှုမှာ(၃၀.၂၁၉)ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့သဖြင့် လျာထား ချက်အပေါ် (၁၄၇ .၄၀၉ % ) ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ၂ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၄၆၇၁.၉၀၄)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၃.၇၆၁)သန်းနှင့် သွင်းကုန်တန်ချိန်(၁၅၆၄.၄၃၉)တန်၊(၁၁၀၀)U၊ (၁၃၇၅၂၀)2U၊ (၂၁၀၅၃)M2၊ (၁၅၀၀) BBL၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁. ၄၄၆)သန်းဖြစ်ပြီးကုန်သွယ်မှုပမာဏမှာအမေရိကန်ဒေါ်လာ(၅ .၂၀၇) သန်းဖြစ်ပါသည်။

ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၂ ရက်နေ့အထိ ရေထွက်ပစ္စည်းအုပ်စုတွင် ၄၃၉၁.၉၀၄ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၃.၇၃၇ သန်းနှင့် အခြားပစ္စည်းအုပ်စုတွင် ၂၈၀ .၀၀၀ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၀.၀၂၄ သန်းတင်ပို့နိုင်ခဲ့ပါသည်။ ယခုတစ်ပတ်တွင် အမယ်သစ် ရှပ်ခရုတန်ချိန် (၁၂)၊ တန်ဖိုး (၀.၀၃၀) ဒေါ်လာသန်းတင်ပို့ခဲ့ပါသည်။

သွင်းကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၂ ရက်နေ့အထိရင်းနှီးမြှုပ်နှံမှုပစ္စည်းအုပ်စုတွင် ၆၁၆.၀၄၉တန်၊ ၂၁၀၅၃ M2၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၀.၃၉၄သန်း၊ လုပ်ငန်းသုံးပစ္စည်းအုပ်စုတွင် ၇၁.၀၀၀ တန်၊ ၁၅၀၀ BBL၊ ၁၁၀၀ U၊ တန်ဖိုးအမေရိကန် ဒေါ်လာ ၀.၂၂၅ သန်းနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတွင် ၈၇၇ .၃၉၀တန်၊ ၁၃၇၅၂၀ 2U၊တန်ဖိုးအမေရိကန်ဒေါ်လာ ၀.၈၂၇ သန်းတင်သွင်းခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News