Local News

ကျားခေါင်းငရုတ်မျိုးများ စတင်ထွက်ရှိ

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သော ငရုတ် သီးနှံကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ၅၈၁၀ ဧက စိုက်ပျိုးထားရှိကြောင်း ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ငရုတ်သီးနှံ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်းကျပ် ၁၅ သိန်းခန့်ကုန်ကျကြောင်း၊ ငရုတ်မျိုးများအနေဖြင့် ၆၉၂ ငရုတ်မျိုးနှင့် ကျား ခေါင်းမျိုးများကို အများဆုံးစိုက်ပျိုးကြပြီး ယခုအချိန်တွင် ကျားခေါင်းငရုတ်သီးများ စတင်ထွက်ပေါ်လျက်ရှိကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၅ ရက်ခြားတစ်ကြိမ် ခူးဆွတ်မှုမှာ ၁၀ တင်း နှုန်း၊ ပိဿာအားဖြင့် ၈၀ ပိဿာခန့်ထွက်ရှိပြီး ငရုတ်သီးအစို တစ်ပိဿာလျှင် ၂၃၀၀-၂၄၀၀ ကျပ် စျေးနှုန်းများဖြင့် ရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့် ငရုတ်သီးအစိုများကို ငရုတ်စိုက်ခင်းများအထိ လာရောက်ဝယ်ယူမှုများရှိသကဲ့သို့ နီးစပ်ရာပွဲရုံများသို့လည်း တင်ပို့ရောင်းချကြကြောင်း၊ ငရုတ် စတင်ထွက်ပေါ်ချိန်မှ ငရုတ်သီးအခင်းဖြတ်သိမ်းချိန်အထိ ပိဿာ ၈၀၀-၉၀၀ အထိ ထွက်ရှိနိုင်ပြီး ငရုတ်သီးအရည်အသွေးနှင့် ဈေးနှုန်းများကောင်းမွန်ပါက အကျိုးအမြတ် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ငရုတ်စိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

Source: DOCA(မန္တလေး)

Source: https://commerce.gov.mm

Category: Local News