Local News

ကျောက်ဆည်ခရိုင် နနွင်းစျေးနှုန်းစျေးကွက်

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း၌ နနွင်းများကို ဖေဖော်ဝါရီလ၊ ပထမပတ်မှစတင်၍ တူးဖော်လျက်ရှိရာ ယခုအချိန်တွင် နနွင်းများ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ နနွင်းများ စတင်တူးဖော်ချိန်တွင် စျေးနှုန်းများကောင်းမွန်လျက်ရှိပြီး တောဝယ်နနွင်းအစို တစ်တင်းလျှင် ၁၂,၅၀၀-၁၄,၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ဖေဖော်ဝါရီလ ဒုတိယအပတ်မှစတင်၍ နနွင်းစျေးနှုန်းများ အနည်းငယ်ကျဆင်းလာပြီး ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တောဝယ်နနွင်းတက်စို တစ်တင်းလျှင် ၁၁,၂၀၀ ကျပ်ဖြင့်လည်းကောင်း၊ နနွင်းတက်အခြောက် တစ်ပိဿာလျှင် ၅,၅၀၀ ကျပ်ဖြင့်လည်းကောင်း၊ နနွင်းမှုန့် တစ်ဗူးလျှင် ၁,၀၀၀-၁,၂၀၀ ကျပ်ဖြင့်လည်းကောင်းစသည့်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် နနွင်းများကို ပွဲစားများမှ အခင်းအရောက်လာရောက်ဝယ်ယူ၍ ရေနွေးဖျောအခြောက်ခံကာ မြို့ပေါ်ပွဲရုံများသို့ တင်ပို့ရောင်းချသကဲ့သို့ အချို့ပွဲစားများမှာလည်း နနွင်းတက်အခြောက်များကို သိုလှောင်ထားပြီး စျေးနှုန်းမြင့်တက်ချိန်မှသာလျှင် ရောင်းချကြကြောင်း၊ နနွင်းတက်များကို ပွဲရုံများမှတစ်ဆင့် ရန်ကုန်နှင့် မန္တလေးမြို့တို့သို့ တင်ပို့ရောင်းချကြကြောင်း သိရှိရသည်။

Source: DOCA (မန္တလေး)

Source: https://commerce.gov.mm

Category: Local News