Local News

ရွှေဘိုဈေးကွက်၌ ပဲစင်းငုံ(နီ)များ ဈေးနှုန်းအနည်းငယ်ကျဆင်း၍ အရောင်းအဝယ်ဖြစ်

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုဈေးကွက်သို့ ‌ဇန်နဝါရီလ ဒုတိယပတ်မှစတင်၍ ပဲစင်းငုံ(နီ၊ဖြူ)များ စတင်ဝင်ရောက်ခဲ့သော်လည်း ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ပဲစင်းငုံ(နီ) တစ်မျိုး သာဝင်ရောက်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းအနေဖြင့် ပဲစင်းငုံ(နီ)တစ်တင်းလျှင် ၁၁၅,၀၀ဝိ/- ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ ၁၈၀၀၀ တင်း/တန်အားဖြင့် ၅၈၈ တန် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ တတိယပတ်နှင့် ဖေဖော်ဝါရီလ နောက်ဆုံးပတ် ဈေးနှုန်းများနှိုင်းယှဉ်ပါက ဖေဖော်ဝါရီလ တတိယပတ်၌ ပဲစင်းငုံ(နီ) တစ်တင်း လျှင် ၁၂၂,၆၀ဝိ/- ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ပဲစင်းငုံ(နီ) တစ်တင်းလျှင် ၇,၆၀ဝိ/-ကျပ် ဈေးလျော့နည်းခဲ့ကြောင်း၊ ပဲစင်းငုံသီးနှံများ အဝင်များ၍ ဈေးနှုန်းကျဆင်းရခြင်းဖြစ်ပြီး ဝင်ရောက်သမျှ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

Source: DOCA (စစ်ကိုင်း)

Source: https://commerce.gov.mm

Category: Local News