Local News

ပြည်ဈေးကွက်တွင် နှမ်းဈေးနှုန်းများဆက်လက်မြင့်တက်

Last Updated:

ပြည်ဈေးကွက်တွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် နှမ်းဈေးများမြင့်တက်လာခဲ့ပါသည်။ ထိုသို့နှမ်းဈေးများမြင့်တက်လာရခြင်းမှာ နှမ်းဝင်ရောက်မှုနည်းသွားပြီး ဝယ်လိုအားများလာသဖြင့် နှမ်းဈေးများမြင့်တက်လာသည်ဟုသိရပါသည်။ နှမ်းနီလက်ကျန်ရှားပါးလာပြီး ဆီကြိတ်ရန် ဆီစက်သမားများကဝယ်ယူမှုရှိ၍ ဈေးနှုန်းမြင့်တက်ခဲ့ကာ နှမ်းနက်နှင့် စမုံနက်နှမ်းမှာ ပြည်ပသို့တင်ပို့ရန်ဝယ်ယူမှုရှိ၍ ဈေးနှုန်းများမြင့်တက်လာသည်ဟုသိရပါသည်။ နှမ်းဈေးနှုန်းများအနေဖြင့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် နှမ်းနီ(၃)တင်းဝင်တစ်အိတ်လျှင် ၃၄၀၀၀၀ကျပ်၊ နှမ်းနက်(၃)တင်းဝင်တစ်အိတ်လျှင် ၃၇၀၀၀၀ကျပ်နှင့် စမုံနက်နှမ်း (၃) တင်းဝင်တစ်အိတ်လျှင် ၃၅၀၀၀၀ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် နှမ်းနီ (၃)တင်းဝင်တစ်အိတ်လျှင် ၂၈၅၀၀၀ကျပ်၊ နှမ်းနက်(၃)တင်းဝင်တစ်အိတ်လျှင် ၃၀၀၀၀၀ကျပ်နှင့် စမုံနက်နှမ်း(၃)တင်းဝင်တစ်အိတ်လျှင် ၃၄၀၀၀၀ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်လျှင် နှမ်းနီ(၃)တင်းဝင်တစ်အိတ်လျှင် ၅၅၀၀၀ကျပ်၊ နှမ်းနက်(၃)တင်းဝင်တစ်အိတ်လျှင် ၇၀၀၀၀ကျပ်နှင့် စမုံနက်နှမ်း(၃)တင်းဝင်တစ်အိတ်လျှင် ၁၀၀၀၀ကျပ်တို့ဖြင့် ဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ ဈေးနှုန်းများမြင့်တက်လာသော်လည်း အရောင်းအဝယ်မှာ ပစ္စည်းလက်ကျန်နည်း၍ ဖြစ်သင့်သလောက်မဖြစ်ဘဲ အနည်းငယ်သာမြင့်တက်ကြောင်းနှင့် နှမ်းဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် ၁၄၅၀၀ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်လာခဲ့ကြောင်းသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News