Local News

စတော်ဘယ်ရီသီးများ ရောင်းအားကောင်း

Last Updated:

စတော်ဘယ်ရီသီးများကို ယခင်က တောင်ပေါ်ဒေသတွင် စိုက်ပျိုးခဲ့ပြီး ယခုအခါတွင် တောင်ပေါ်၊ မြေပြန့်နေရာဒေသအသီးသီးတွင် စိုက်ပျိုးလာကြကြောင်း၊ တောင်ပေါ်ဒေသဖြစ်သည့် ပြင်ဦးလွင်မြို့တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းမှ စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း သိရသည်။ ယခုရာသီချိန်တွင် စတော်ဘယ်ရီသီးများထွက်ပေါ်လာပြီဖြစ်၍ ဈေးကွက်အတွင်းရောင်း အားကောင်းနေကြောင်း၊ စတော်ဘယ်ရီသီးများမှ ဒေသမျိုး၊ ထိုင်ဝမ်မျိုးနှင့် ဂျပန်မျိုးဟူ၍ရှိရာ ဒေသသီးခေါ် အလုံးသေးအသီးများသာမက ခမ်ပြားပြားသဏ္ဍာန်ရှိပြီး အရသာချဉ်သော ထိုင်ဝမ်သီးများနှင့် အလုံးကြီးပြီးချိုသော ဂျပန်သီးများကို အဓိကစိုက်ပျိုးကြကြောင်း သိရပါသည်။

စတော်ဘယ်ရီသီးများကို သစ်သီးပွဲရုံများသို့ ဒေသမျိုး တစ်ပိဿာလျှင် ၈၀၀၀ ကျပ်၊ ထိုင်ဝမ်မျိုး တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်၊ ဂျပန်မျိုး တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ဈေးဖြင့် ရောင်းချပြီး မန္တလေးနှင့် အခြားမြို့များသို့လည်း တင်ပို့ရောင်းချကြောင်း၊ ပြင်ဦးလွင်မြို့သို့ အပန်းဖြေအလည်အပတ်ရောက်ရှိလာသည့် ဧည့်သည်များနှင့် ခရီးသွားပြည်သူများမှလည်း အိမ်ပြန်လက်ဆောင်အဖြစ်ဝယ်ယူပြီး၊ စားသောက်ဆိုင်များမှလည်းဝယ်ယူကြ၍ စားသုံးသူများမှလည်း ဖျော်ရည်များပြုလုပ်သောက်သုံးရန် ဝယ်ယူကြသည့်အတွက် ဈေးကွက်အတွင်း ရောင်းအားကောင်းသောကြောင့် စတော်ဘယ်ရီစိုက်ပျိုးသူများ အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News