ပို့ကုန်ပဲများ ဈေးပြန်မြင့်တက်လာ သလို အသစ်ဝင်ကုလားပဲများ အဝယ် သွက်နေကြောင်းပဲ၊ နှမ်းကုန်သည်များ ထံမှ သိရသည်။ အသစ်ဝင် ပြည်တွင်းသုံးကုလားပဲများ လက်ရှိပေါက်ဈေးမှာ ကျဆင်းနေသောကြောင့်လှောင်လက်ကုန်သည်များ အဓိကအဝယ်ကောင်းနေခြင်ဖြစ်သည်။ ပို့ကုန်ပဲများ ဈေးအနည်းငယ် ပြန်လည်မြင့်တက်လာပြီး အရောင်းအဝယ်သွက်နေကြောင်း၊အသစ်ဝင် ပြည်တွင်းသုံးကုလားပဲသစ် များ စုံလင်စွာ ဝင်ရောက်လာသော်လည်း ဈေးနှုန်းများကျဆင်းနေကြောင်း၊ ထိုသို့ဈေးကျဆင်းမှုများကြောင့် ပြည်တွင်းလှောင်လက်သမားများ အဝယ်ရှိလာကြောင်း၊ပဲမာလိုင်းများမှာ ယခင်နှစ်ထက်ဈေးများစွာ ကျဆင်းမှုများရှိနေကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။ “ ပြည်တွင်းသုံးကုလားပဲ၊ပဲမာလိုင်းများ ဈေးကွက်အတွင်းစုံလင်စွာ ဝင်ရောက်လာပါတယ်။ဈေးနှုန်းတွေကတော့ ပြည်တွင်းသုံးပဲဖြစ်လို့ ခပ်အေးအေး အရောင်းအဝယ်နဲ့ ဈေးကျဆင်းနေပါတယ်။မနှစ်က ပဲနီပြာတစ်အိတ်လျှင် ငွေကျပ် လေးသိန်းကျော် ငါးသိန်းနီးပါး ပေါက်ဈေးရှိခဲ့တာ ဒီနေ့မှာတစ်အိတ်ကို ငွေကျပ် ၂၈ဝဝဝ ဝဈေးသာ ပေါက်ဈေးရှိပါတယ်။ကျွန်းစားတော် ပဲတွေလည်း ဈေးကျဆင်းနေ ပါတယ်။ အဓိကအရောင်း အဝယ်ဖြစ်နေတာကတော့ပြည်တွင်းသုံးကုလားပဲတွေပါ။တစ်အိတ်ကိုငွေကျပ် ၅ဝဝဝ- ၁ဝဝဝဝတက်လိုက်ကျလိုက်နဲ့ဖြစ်နေတာပါ။ လက်ရှိ ပဲပေါက်ဈေးတွေက ကျဆင်းနေတော့ လှောင်လက်သမားတွေ အဝယ်ရှိလာပါတယ်။ပို့ကုန်ပဲတွေ လည်း အနည်းငယ်ဈေးပြန်တက်လာပါတယ်”ဟု ၄င်းက ပြောသည်။ မတ် ၅ ရက်တွင် ပို့ကုန်မတ်ပဲ(အသစ်) တစ်အိတ်လျှင်ငွေကျပ် ၂၈၅၀၀၀၊ ပဲစင်းငုံမှာသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၈၇ဝဝဝ ခန့် ပေါက်ဈေး ရှိနေသည်။ ပဲတီစိမ်း(အညာ)တစ်အိတ်လျှင် ငွေကျပ် ၂၆ဝဝဝဝပေါက်ဈေးရှိနေသည်။ အသစ်ဝင် ပဲမာလိုင်းများမှာပဲလွန်းဖြူ ပိဿာ ၆ဝ တစ်အိတ်လျှင် ငွေကျပ် ၂၃၀၀၀၀၊ ပဲလွန်းပြာ ပိဿာ ၆၀ တစ်အိတ်လျှင်ငွေကျပ် ၂ဝဝဝဝဝ၊ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၇၅ဝဝဝ၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၃၀၅၀၀၀၊ စားတော်ပဲ(ကနေဒါ) တစ်စိတ်လျှင် ငွေကျပ် ၃၁၅၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀၊ မြေပဲလုံးဆန် တစ်ပိဿာလျှင် ငွေကျပ် ၉၂၀ဝ- ၉၃၀ဝ ပေါက်ဈေးအဖြစ် ဈေး ရှိနေသည်။ မန္တလေးဈေးကွက်တွင်ပြောင်းဖူး(ဗမာ) ၅၄ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၈၃၀၀၀၊ပြောင်းဖူး(ရှမ်း) ၅၄ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၈၆၀၀၀၊ပြောင်းဖူး(CP) ၅၄ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၈၅၀၀၀၊အထွက်တိုး ပြောင်း(ဖြူ) ၅၃တစ်ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၈၃ဝ၀ဝ အသီးသီး ပေါက်ဈေးရှိနေသည်။ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၄၃ဝဝဝဝ၊နှမ်းဖြူ(ဗမာ) ၄၅ပိသာ တစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊နှမ်းညို ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀ဆောင်းနှမ်းနက် ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၅၅၅၀၀၀ထိ ပေါက်ဈေးရှိနေသည်။
Source: magway Journal