Local News

နွေသီးနှံအဖြစ် ကန်စွန်းဥများကို အများဆုံးပြန်လည်စိုက်ပျိုး

Last Updated:

ပုသိမ်ကြီးမြို့နယ်၊သံဘို ကျွန်းကျေးရွာတွင် နွေသီးနှံ အဖြစ် ကန်စွန်းဥများကို အများ ဆုံးပြန်လည်စိုက်ပျိုးကြ သိရသည်။ ပြီးခဲ့သည့် ဆောင်းစိုက် ရာသီတွင် ကန်စွန်းဥအထွက် နှုန်းကောင်းပြီး ဈေးကောင်းရရှိ ခဲ့တာကြောင့် နွေသီးနှံကိုလည်း  ကန်စွန်းဥကို ဆက်လက်စိုက်ပျိုး ကြခြင်းဖြစ်ကြောင်း၊ နွေစိုက် ကန်စွန်းဥစိုက်ခင်းများမှာ ဆောင်း  စိုက်ထက်စိုက်ပျိုးစရိတ် ပိုမိုကုန် ကျသလို အထွက်နှုန်းလည်း ဆောင်းစိုက်ထက်အထွက်နှုန်း နည်းလေ့ရှိကြောင်း၊ နွေစိုက်တွင် ရေ၊ ဆေးသေချာဂရုစိုက်သုံးစွဲ လျှင် အထွက်နှုန်းကောင်းပြီး၊ ရေ သေချာမပေးနိုင်ရင် အထွက်နှုန်း ကျဆင်းနိုင်ကြောင်း သံဘိုကျွန်း ကျေးရွာမှ ကန်စွန်းဥစိုက်တောင် သူ ဦးခင်မောင်ရင်က ပြောသည်။ “ ဆောင်းစိုက်ကန်စွန်းဥ များ တူးဖော်ပြီးပြီးချင်းကို မြေ ပြုပြင်ပြီး နွေသီးနှံအဖြစ် ကန်စွန်း ဥများကို ပြန်လည်စိုက်ပျိုးကြ ပါတယ်။ နွေသီးနှံဆိုတော့ ၁၅ ရက်တစ်ပတ် တစ်ခါရေသွင်း စိုက်ပျိုးရပါတယ်။ ဆောင်းစိုက် သီးနှံထက် စိုက်ပျိုးစရိတ်ပိုကုန် ပါတယ်။ နွေစိုက်က ကန်စွန်း တစ်ဧက ငွေကျပ် ၁၇ သိန်း၊ ၁၈ သိန်းလောက်ကုန်ပါတယ်။အထွက်နှုန်းကလည်း နွေစိုက် ကန်စွန်းဥက ကုန်ချိန် ၁၇၀၀-၁၈၀၀ လောက်သာရပါတယ်။နွေစိုက်ကန်စွန်းဥက ရေပေး၊ ဆေးပေးမှန်ရင် ကုန်ချိန်ထွက်ပါ တယ်´´ ဟု ၎င်းက ပြောသည်။ နွေစိုက်ကန်စွန်းဥ စိုက်ခင်း များကို ၁၅ ရက် တစ်ပတ်မှာ အနည်းဆုံးရေတစ်ကြိမ်ပေးပြီး စိုက်ပျိုးရကြောင်း မြေစတင်ပြု ပြင်ကတည်းက မြေဩဇာတစ်ခါ တည်း ထယ်ကြောင်းထဲထည့် ကျွေးပြီး အပင်အားဆေးကို တစ် ပတ်ချင်းလိုက်ပေးရကြောင်း  နွေစိုက်ကန်စွန်းဥမှာရေနှင့် အပင် အာဟာရ ဖြည့်ပေးနိုင်မှသာ အထွက်နှုန်းကောင်းသည်။ ဆောင်းစိုက်ကန်စွန်းဥများ ဖော်ပြီးပြီးချင်း စိုက်ပျိုးသည့် စိုက်ခင်းများမှာ တစ်လသားခန့် ရရှိနေပြီး ၃လခန့်စိုက်ပျိုးရမည် ဖြစ်သည်။ ကန်စွန်းဥပိုးမကျ ရောက်အောင် ဆေးဖျန်းပေးရ ကြောင်း၊ ကန်စွန်းဥပိုးကျရောက် လျှင် တစ်ခင်းလုံးပျက်စီးတတ် တာကြောင့် သေချာစွာ ပြုစုစိုက် ပျိုးရကြောင်း သိရသည်။

Source: magway Journal

Category: Local News