Local News

ပဲမျိုးစုံ ပြည်တွင်းတစ်တန်ဈေးနှုန်း ၂၀၂၃ ခုနှစ် နှင့် ၂၀၂၄ ခုနှစ် ကာလတူနှိုင်းယှဉ်ချက်

Last Updated:

ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်၏ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် မေလ ၃ ရက်နေ့တွင် ဖြစ်ပေါ်နေသည့် ပဲမျိုးစုံ ပြည်တွင်းဈေးနှုန်းများ နှိုင်းယှဉ်ရာ၌ မတ်ပဲ တစ်တန် ဈေးနှုန်း မှာ ၂၀၂၃ တွင် ၂၁၈၀၀၀၀ ကျပ်မှ ၂၀၂၄ တွင် ၃၁၃၅၀၀၀ ကျပ်သို့ လည်းကောင်း၊ ပဲတီစိမ်း တစ်တန်ဈေးနှုန်းမှာ ၂၀၂၃ တွင် ၁၄၈၂၀၀၀ ကျပ်မှ ၂၀၂၄ တွင် ၁၉၉၀၃၀၀ ကျပ်သို့လည်း ကောင်း၊ ပဲစင်းငုံ တစ်တန်ဈေးနှုန်းမှာ၂၀၂၃တွင် ၂၄၄၅၀၀၀ ကျပ်မှ ၂၀၂၄တွင် ၄၀၈၀၀၀၀ ကျပ် သို့လည်းကောင်း၊ ကုလားပဲ တစ်တန်ဈေးနှုန်းမှာ ၂၀၂၃ တွင် ၂၃၄၈၅၀၀ ကျပ်မှ ၂၀၂၄ တွင် ၂၇၅၅၈၀၀ ကျပ်သို့လည်းကောင်း အသီးသီးဈေးမြင့် တက်သွားသည်ကို ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့၏ မေလ ၃ ရက်နေ့တွင်ဖြစ်ပေါ်နေသည့် ပဲမျိုးစုံ အမြင့် ဈေးနှုန်းများ ကာလတူနှိုင်းယှဉ်ချက်စာရင်းအရ တွေ့ရှိရသည်။
ထို့ကြောင့် ပဲစိုက်တောင်သူများအနေဖြင့် ပဲမျိုးစုံများအနက် ပြည်တွင်း/ပြည်ပဈေးကွက် ရရှိပြီးဖြစ်သော မတ်ပဲနှင့် ပဲစင်းငုံတို့အား ပိုမိုတိုးချဲ့စိုက်ပျိုးပါက ပိုမိုစီးပွားဖြစ်ထွန်းနိုင်မည် ဖြစ်ပါကြောင်း သုံးသပ်တင်ပြပါသည်။ 

Source: ပြည်တွင်းကုန်သွယ်မှုဌာနခွဲ(ရန်ကုန်)
 

Category: Local News