Local News

ဘုရင့်နောင်ကုန်စည်ဒိုင်၏ (၂၉-၄-၂၀၂၄ မှ ၄-၅-၂၀၂၄) အတွင်း ပဲမျိုးစုံနှင့် အခြားကုန်စည် ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC  (2024 Crop) ကျပ် ၃၁၅၆၀၀၀၊ မတ်ပဲ SQ/RC   (2024 Crop) ကျပ် ၃,၄၃၁,၀၀၀ နှင့်  ပဲစင်းငုံ Red/ RC(2024 Crop) ကျပ် ၄၀၇၅၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC(2024Crop) ကျပ် ၂၅၀၀၀၊ မတ်ပဲ SQ/RC (2024 Crop) ကျပ် ၄၅,၀၀၀ အသီးသီးဈေးကျဆင်းခဲ့ပြီ ပဲစင်းငုံ Red/RC (2024 Crop ) ကျပ်  ၅၀၀၀ မြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့  မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၁၄၅လုံး (တန်ချိန် ၃၄၈၀) နှင့် ပဲစင်းငုံ Red/RC(2024 Crop) ကွန်တိန်နာ ၁၀ လုံး (တန်ချိန် ၂၄၀) ဝင်ရောက်ခဲ့ပြီး ယခု အပတ်တွင် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၉၅လုံး (တန်ချိန် ၂၂၈၀) ဝင်ရောက် ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၅၀ လုံး (တန်ချိန် ၁၂၀၀) ပိုမိုဝင်ရောက်ခဲ့ပြီး ပဲစင်းငုံ Red/RC(2024 Crop) ကွန်တိန်နာ ၁၀ လုံး (တန်ချိန် ၂၄၀) ပိုမို ဝင်ရောက်ခဲ့ကြောင်း သိရသည်။  
ငရုတ် 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး (တစ်ပိဿာ) ဈေးနှုန်းများမှာ ပန်းရဲ ငရုတ်(သစ်) AC ကျပ် ၄၅၀၀၊ မြားနီ ကျပ် ၄၀၀၀၊ ပန်းတနော်ရှည် ကျပ် ၄၀၀၀ ၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၁၀၅၀၀ နှင့် မြစ်ဝပု ကျပ် ၁၀၅၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ပန်းတနော်ရှည် ကျပ် ၃၀၀ ဈေးကျဆင်းခဲ့ပြီး ဆင်ဖြူကျွန်း ကျပ် ၅၀၀ နှင့် မြစ်ဝ(ပု)  ကျပ် ၅၀၀ အသီးသီး ဈေးမြင့်တက်ခဲ့သည်။ ကုန်စည်ဒိုင်သို့ ယခင်အပတ်က ငရုတ်ရှည် ၉၈၀၀ အိတ် (၁၉၆၀,၀၀ ပိဿာ)နှင့် ငရုတ်ပု ၁၄၀၀ အိတ် ( ၂၁၀၀၀ ပိဿာ)  ဝင်ရောက်ခဲ့ ပြီး ယခုအပတ်တွင် ငရုတ်ရှည် ၈၅၀၀ အိတ် (၁၇၀,၀၀၀ ပိဿာ) နှင့် ငရုတ်ပု ၁၂၀၀ အိတ် (၁၆၅၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည် အိတ်ပေါင်း ၁၃၀၀ (၂၆,၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၃၀၀( ၄၅၀၀ ပိဿာ) လျော့နည်းဝင် ရောက်ခဲ့ကြောင်းသိရသည်။  
မန်ကျည်းသီး 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၃၅၀၀ ၊ မန်ကျည်းအသား (သစ်) ကျပ် ၄၅၀၀ နှင့် မန်ကျည်းသီး ရမည်းသင်း ဒါးဇင်း ကျပ် ၃၃၀၀ အသီး သီး ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်းသီးများ ဈေးငြိမ်လျက် ရှိသည်။ 

ထန်းလျက်၊ ကြံသကာ နှင့် သကြား 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား (တစ်ပိဿာ) ဈေးနှုန်း များမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၄၇၀၀၊ ညောင်ဦးဆေးရှယ် (ထန်း) ကျပ် ၅၂၀၀၊ ပခုက္ကူကြမ်း ကျပ် ၄၆၀၀၊ ရေစကြို ထန်းလျက်(ချော) ကျပ် ၅၈၀၀၊ ကြံသကာ ကျပ် ၃၁၀၀နှင့် သကြား(ပြည်တွင်း) ကျပ်၄၆၀ ဈေးအသီးသီး ဖြစ်ခဲ့ပြီး တစ်ပတ်အတွင်း ထန်းလျက်၊ ကြံသကာနှင့် သကြားများ ဈေးငြိမ်လျက်ရှိသည်။
ကြက်သွန်နီ 
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူနှင့် မြစ်သားမြို့တို့မှ ကြက်သွန်နီများ နေ့စဉ် ဝင်ရောက်လျက်ရှိရာ ကြက်သွန်နီ (တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၂၆၀၀၊ ဆိပ်ဖြူ လတ်ကြီး ကျပ် ၂၅၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၂၃၀၀၊ ဆိပ်ဖြူ လတ်ချော ကျပ် ၁၅၀၀၊ မင်းဘူး ရှယ် ကျပ် ၂၅၀၀၊ မင်းဘူးလတ်ကြီး ကျပ် ၂၄၀၀၊ မင်းဘူးလတ်သန့် ကျပ် ၂၂၀၀ နှင့် မင်းဘူး လတ်ချော ကျပ် ၁၆၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိပ်ဖြူရှယ် ကျပ် ၅၀၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၅၀၊ဆိပ်ဖြူလတ်သန့် ကျပ် ၅၀၊ ဆိပ်ဖြူ လတ်ချော ကျပ် ၁၀၀၊ မင်းဘူးရှယ် ကျပ် ၁၀၀၊ မင်းဘူးလတ်ကြီး ကျပ် ၅၀၊ မင်းဘူးလတ်သန့် ကျပ် ၅၀ နှင့် မင်းဘူး လတ်ချော ကျပ် ၁၀၀ အသီးသီး ဈေးမြင့်တက်ခဲ့သည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်မှုမှာ ယခင်အပတ်က  ကားစီးရေ ၁၆၀ စီး (၉၆၀,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၁၇၇ စီး (၁၀၆၂၀,၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီးရေ ၁၇ စီး(၁၀၂၀,၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။   
ကြက်သွန်ဖြူ 
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့် အောင်ပန်းမြိုတို့မှ ကြက်သွန်ဖြူများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်ရှယ် ကျပ် ၁၃၀၀၀၊ အောင်ပန်းထူး-၂  ကျပ် ၆၅၀၀၊ အောင် ပန်းထူး-၃ ကျပ် ၇၀၀၀၊ အောင်ပန်းထူး-၄ ကျပ် ၇၅၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၈၀၀၀ အသီးသီး ဈေး ဖြစ်ခဲ့သည်။တစ်ပတ်အတွင်း ကြူကုတ်ရှယ် ကျပ် ၁၀၀၊ အောင်ပန်းထူး-၃ ကျပ် ၂၀၀၊ အောင်ပန်းထူး-၄ ကျပ် ၃၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၅၀၀ အသီးသီးဈေးကျဆင်းခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူ အိတ် ၆၁၀၀ (၁၈၃၀,၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကြက်သွန်ဖြူ အိတ် ၆၅၀၀ (၁၉၅၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကြက်သွန်ဖြူ အိတ်ရေ ၄၀၀ (၁၂၀၀၀ ပိဿာ) ပိုမိုဝင်ရောက် ခဲ့ကြောင်း သိရသည်။ 

အာလူး
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့မှ အာလူးများ ဝင်ရောက်လျက်ရှိရာ အာလူးတစ်ပိဿာ ဈေးနှုန်းများမှာ ဟဲဟိုး A1 ကျပ် ၁၄၀၀ ၊ ဟဲဟိုး OK ကျပ် ၁၈၀၀၊ ဟဲဟိုး S1 ကျပ် ၁၈၀၀၊ ဟဲဟိုး S2 ကျပ် ၁၄၀၀ ဈေးနှုန်းအသီးသီးခဲ့ဖြစ်သည်။ တစ်ပတ်အတွင်း ဟဲဟိုး OK ကျပ် ၂၀၀ ၊ ဟဲဟိုး S1 ကျပ် ၂၀၀ အသီးသီး ဈေးကျဆင်းခဲ့ပြီး၊ ကျန်အမျိုးအစားများမှာ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ အာလူးဝင်ရောက်မှုမှာ ယခင်အပတ်က ကားအစီးရေ ၇၀ စီး (၄၂၀၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ  ၃၃ စီး (၁၉၈၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီးရေ ၃၇ စီး (၂၂၂၀၀၀ ပိဿာ) လျော့နည်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။

Source: ပြည်တွင်းကုန်သွယ်မှုဌာနခွဲ(ရန်ကုန်)
 

Category: Local News