Local News

မန္တလေးကုန်စည်ဒိုင်တွင် ပို့ကုန်ပဲများ လှောင်လက်အဝယ်အေး၍ ဈေးအေးလာ

Last Updated:

မေလနောက်ဆုံးပတ်တွင် မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ ပို့ကုန်ပဲများဝင်ရောက်မှုနည်းနေပြီး ယခင်လက လှောင်လက်သမားများ အဝယ်သွက်၍ ဈေးမြင့်နေရာမှ ဇွန်လလဆန်းပိုင်းတွင် လှောင်လက်သမားများ အဝယ်အေးမှုနှင့် ပြည်ပတင်ပို့မှုအေးသောကြောင့် ဈေးအေးလာကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။
ပဲစင်းငုံ(နီ) ၆၀ပိဿာဝင် သုံးတင်းတစ်အိတ် ယခုတစ်ပတ် ကျပ် ၄၂၅၀၀၀ ၊ ယခင် တစ်ပတ် ကျပ် ၄၂၅၀၀၀၊ ယခင်လ ကျပ် ၃၈၅၀၀၀ မှ ၃၈၇၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ် အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက် ကျပ် ၃၈၀၀၀ မှ ၄၀၀၀၀ မြင့်တက်လာသည်။
ပဲတီစိမ်း (အညာ) ၅၆.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ် ယခုတစ်ပတ် ကျပ် ၁၇၅၀၀၀ မှ ၁၉၃၀၀၀၊ ယခင်တစ်ပတ် ကျပ် ၁၈၅၀၀၀ မှ ၁၉၅၀၀၀၊ ယခင်လ ကျပ် ၁၇၅၀၀၀ မှ ၁၈၆၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၀၀၀ မှ ၁၀၀၀၀ နိမ့်ကျလာပြီး၊ ယခင်လထက် ကျပ် ၇၀၀၀ မြင့်တက်လာသည်။
မတ်ပဲ ၆၀ ပိဿာဝင် သုံးတင်းတစ်အိတ် ယခုတစ်ပတ် ကျပ် ၃၁၀၀၀၀ မှ ၃၁၅၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၃၁၅၀၀၀ မှ ၃၁၇၀၀၀၊ ယခင်လ ကျပ် ၂၈၀၀၀၀ မှ ၂၉၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၀၀၀ မှ ၅၀၀၀ နိမ့်ကျလာပြီး၊ ယခင်လထက်ကျပ် ၂၅၀၀၀ မှ ၃၀၀၀၀ မြင့်တက်လာသည်။
မြေထောက်ပဲ ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ် ယခုတစ်ပတ် ကျပ် ၂၈၀၀၀၀ မှ ၃၃၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၈၀၀၀၀ မှ ၃၂၀၀၀၀၊ ယခင်လ ကျပ် ၃၃၀၀၀၀ ဖြစ်ခဲ့သည်။ ယခင် တစ်ပတ်ထက်ကျပ် ၁၀၀၀၀ မြင့်တက်လာပြီး၊ ယခင်လထက် ကျပ် ၅၀၀၀၀ နိမ့်ကျလာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး
 

Category: Local News