Local News

မန္တလေးကုန်စည်ဒိုင်တွင် ကုလားပဲဈေးများ ယခင်တစ်ပတ်ထက် ဈေးအေးလာ

Last Updated:

မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ ကုလားပဲဈေးကွက်မှာ မေလနောက်ဆုံးပတ်တွင် ဈေးများမြင့်တက်ခဲ့ပြီး ဇွန်လ လဆန်းပိုင်းတွင် ဈေးအေးလာ ကြောင်းသိရသည်။ စက်ပိုင်လှောင်လက် ဝယ်ယူမှုအေးခြင်းနှင့် ပြည်ပတင်ပို့မှုအေး၍ ဈေးအေး နေကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။

ကုလားပဲဖြူကြီး (V-2) ၅၇.၂၅ ပိဿာဝင်တစ်အိတ် ယခုတစ်ပတ် ကျပ် ၂၄၈၀၀၀ မှ ၂၅၀၀၀၀၊ ယခင်တစ်ပတ် ကျပ်၂၅၅၀၀၀ မှ ၂၅၈၀၀၀၊ ယခင်လ ကျပ် ၂၄၀၀၀၀ ဖြစ်ခဲ့သည်။ ယခင် တစ်ပတ်ထက် ကျပ် ၇၀၀၀ မှ ၈၀၀၀  နိမ့်ကျလာပြီး၊ ယခင်လထက် ကျပ် ၈၀၀၀ မှ ၁၀၀၀၀ မြင့်တက်လာသည်။

ကုလားပဲဖြူကြီး(V-7) ၅၇.၂၅ ပိဿာဝင်တစ်အိတ် ယခုတစ်ပတ် ကျပ် ၂၆၀၀၀၀ မှ ၂၆၅၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၇၀၀၀၀၊ ယခင်လကျပ် ၂၄၅၀၀၀ မှ ၂၄၇၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀ မှ ၁၀၀၀၀ နိမ့်ကျလာပြီး၊ ယခင်လ ထက်ကျပ် ၁၅၀၀၀ မှ ၁၈၀၀၀ မြင့်တက်လာသည်။

ကုလားပဲ(ထိုင်ဝမ်) ၅၆.၂၅ ပိဿာဝင်တစ်အိတ် ယခုတစ်ပတ် ကျပ် ၂၂၈၀၀၀ မှ ၂၃၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၃၃၀၀၀ မှ ၂၃၅၀၀၀၊ ယခင်လ ကျပ် ၂၂၃၀၀၀ မှ ၂၂၄၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀ နိမ့်ကျလာပြီး၊ ယခင်လထက် ကျပ် ၅၀၀၀ မှ ၆၀၀၀  မြင့်တက်လာသည်။

ကုလားပဲ(929) ၅၆.၂၅ ပိဿာဝင်တစ်အိတ် ယခုတစ်ပတ် ကျပ် ၂၃၈၀၀၀ မှ ၂၄၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၄၅၀၀၀ မှ ၂၄၇၀၀၀၊ ယခင်လ ကျပ် ၂၃၂၀၀၀ မှ ၂၃၃၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၇၀၀၀ နိမ့်ကျလာပြီး၊ ယခင်လထက် ကျပ် ၆၀၀၀ မှ ၇၀၀၀ မြင့်တက်လာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News