Local News

မော်လမြိုင်မြို့တွင်ဖြစ်ပေါ်နေသော ဒူရင်းသီးနှင့်ကျွဲကောသီးဈေးနှုန်း

Last Updated:

မွန်ပြည်နယ်တွင် ဒူးရင်းသီးနှင့် ကျွဲကောသီးများထွက်လျက်ရှိရာ မော်လမြိုင်မြို့တွင် ဩဂုတ်လ ပထမပတ်တွင်ဖြစ်ပေါ်နေသော ဒူးရင်းသီးဈေးနှုန်းများမှာ ယိုးဒယားသီး တစ်ကီလိုလျှင် (၁၈၀၀၀)ကျပ်၊ မြန်မာကိုင်းဆက်သီး တစ်ကီလိုလျှင်(၁၈၀၀၀)ကျပ်၊ မြန်မာသီး(ခြံသီး) နှစ်ကီလိုခွဲ (အကြီး)တစ်လုံးလျှင်(၂၀၀၀၀)ကျပ်၊ မြန်မာသီး(ခြံသီး) တစ်ကီလိုအထက် (အသေး) တစ်လုံးလျှင် (၁၀၀၀၀)ကျပ်တို့ဖြစ်ပြီး ကျွဲကောသီးဈေးနှုန်းများမှာ ပန်းရောင်ကျွဲကောသီး (အကြီး) ၂ ကီလို အထက် တစ်လုံးလျှင်(၃၀၀၀)ကျပ်၊ ပန်းရောင်ကျွဲကောသီး (အလတ်)၂ ကီလို တစ် လုံးလျှင်(၂၀၀၀) ကျပ်၊ ပန်းရောင်ကျွဲကောသီး(အငယ်) ၂ ကီလိုအောက် တစ်လုံးလျှင် (၁၀၀၀) ကျပ်၊ ကျွဲကောသီးအဖြူ(အကြီး) ၂ကီလိုအရွယ်အစားတစ်လုံးလျှင် (၂၀၀၀)ကျပ်နှင့် ၂ ကီလို အောက်အရွယ်အစား တစ်လုံးလျှင် (၁၀၀၀)ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။            

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး 

Category: Local News