Local News

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်တွင် (၂၉-၇-၂၀၂၄ မှ ၄-၈-၂၀၂၄) ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သော ပဲနှင့်အခြားကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC (2024 Crop) ကျပ် ၃၃၂၉၀၀၀၊ မတ်ပဲ SQ/RC   (2024 Crop) ကျပ် ၃၆၃၂၀၀၀ နှင့် ပဲစင်းငုံ Red/ RC(2024 Crop) ကျပ် ၄၂၀၇၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC(2024Crop) ကျပ် ၆၁၀၀၀ နှင့်  မတ်ပဲ SQ/RC (2024 Crop) ကျပ် ၇၃၀၀၀ နှင့် ပဲစင်းငုံ Red/RC (2024 Crop) ကျပ်  ၁၄၅၀၀၀ အသီးသီးဈေးမြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့  မတ်ပဲ FAQ/ RC (2024 Crop)  ကွန်တိန်နာ ၂၀ လုံး (တန်ချိန် ၄၈၀) နှင့် ပဲစင်းငုံ Red/ RC(2024 Crop)  ကွန် တိန်နာ ၅ လုံး (တန်ချိန်၁၂၀)ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲFAQ/RC(2024 Crop)  ကွန်တိန်နာ ၇၀ လုံး (တန်ချိန် ၁၆၈၀)ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၅၀ လုံး (တန်ချိန် ၁၂၀၀)  နှင့် ပဲစင်းငုံ Red/ RC(2024 Crop)  ကွန် တိန်နာ ၅ လုံး (တန်ချိန် ၁၂၀) ပိုမိုဝင်ရောက်ခဲ့ပြီး ရောက်ခဲ့ကြောင်း သိရသည်။  

ငရုတ် 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး(တစ်ပိဿာ) ဈေးနှုန်းများမှာ ပန်းရဲ ငရုတ် (သစ်) AC ကျပ် ၄၇၅၀၊ မြားနီ ကျပ် ၄၀၀၀ ၊ပန်းတနော်ရှည် ကျပ် ၃၅၀၀၊ ဆင်ဖြူကျွန်း(ပု) ကျပ် ၁၁၅၀၀ နှင့် မြစ်ဝပုကျပ် ၁၀၅၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ငရုတ်သီးများ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ယခင်အပတ်က ငရုတ်ရှည် အိတ်ပေါင်း ၁၈၀၀(၃၆၀၀၀ ပိဿာ)နှင့် ငရုတ်ပု အိတ်ပေါင်း ၅၀ (၇၅၀ ပိဿာ) ဝင်‌ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၁၁၀၀ (၂၂၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည် အိတ်ပေါင်း ၇၀၀ (၁၄၀၀၀ ပိဿာ)လျော့နည်းဝင်ရောက်ခဲ့ပြီး ငရုတ်ပု အိတ်ပေါင်း ၅၀ (၇၅၀ ပိဿာ)ပိုမိုဝင်ရောက်ခဲ့ကြောင်းသိရသည်။  

မန်ကျည်းသီး 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့် ကပ် (သစ်) ကျပ် ၃၆၀၀ ၊ မန်ကျည်းအသား (သစ်) ကျပ် ၆၄၀၀ နှင့် မန်ကျည်းသီး ရမည်းသင်း ဒါးဇင်း ကျပ် ၃၃၀၀ အသီး သီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း  မန်ကျည်းသီးများ ဈေးငြိမ်လျက် ရှိ သည်။ 

ထန်းလျက်၊ ကြံသကာ နှင့် သကြား 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား (တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ်၄၇၅၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ်၅၂၀၀၊ ပခုက္ကူကြမ်း ကျပ်၄၈၀၀၊ ရေစကြိုထန်းလျက်(ချော) ကျပ်၅၉၅၀၊ ကြံသကာကျပ် ၃၁၅၀ နှင့် သကြား (ပြည်တွင်း)ကျပ်၄၇၅၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တောင်သာမလိုင် (ဒုံး) ကျပ် ၅၀၊ ပခုက္ကူကြမ်း ကျပ် ၅၀၊ ရေစကြို ထန်းလျက်(ချော) ကျပ်၅၀ နှင့် ကြံသကာ ကျပ် ၅၀ အသီး သီး ဈေးကျဆင်းခဲ့ပြီး ကျန်အမျိုးအစားများမှာ ဈေးငြိမ်လျက်ရှိသည်။  

ကြက်သွန်နီ

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မုံရွာမြိုတို့မှ ကြက်သွန်နီများ နေ့စဉ် ဝင်ရောက်လျက်ရှိရာ  ကြက်သွန်နီ (တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၂၃၀၀၊ ဆိပ်ဖြူ လတ် ကြီး ကျပ် ၂၂၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၂၁၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၆၀၀၊ မုံရွာသစ်ရှယ် ကျပ် ၂၃၀၀၊ မုံရွာလတ်ကြီး ကျပ် ၂၂၀၀၊ မုံရွာလတ်သန့် ကျပ် ၂၀၀၀ နှင့် မုံရွာလတ်ချော ကျပ် ၁၆၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ် အတွင်း ဆိပ်ဖြူရှယ် ကျပ် ၁၀၀ ၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၁၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၁၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၀၀၊ မုံရွာသစ်ရှယ် ကျပ် ၁၀၀၊ မုံရွာလတ်ကြီး ကျပ် ၁၀၀၊ မုံရွာလတ်သန့် ကျပ် ၁၀၀ နှင့် မုံရွာလတ်ချော ကျပ် ၁၀၀ အသီးသီးဈေးကျဆင်းခဲ့သည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်မှုမှာ ယခင်အပတ်က   ကားစီးရေ ၁၁၃စီး(၆၇၈၀၀၀ ပိဿာ)ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၁၀၀ စီး (၆၀၀၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီးရေ ၁၃စီး (၇၈၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်းသိရသည်။   

ကြက်သွန်ဖြူ 

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ် နှင့် အောင်ပန်းမြိုတို့မှ ကြက်သွန်ဖြူများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်ရှယ် ကျပ် ၁၃၇၀၀၊ အောင်ပန်းထူး-၂  ကျပ် ၉၂၀၀၊ အောင်ပန်းထူး-၃ ကျပ် ၉၈၀၀၊ အောင်ပန်းထူး-၄ ကျပ် ၁၀၂၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၁၀၅၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။တစ်ပတ်အတွင်း ကြူကုတ်ရှယ် ကျပ် ၁၃၀၀၊ အောင်ပန်းထူး-၂  ကျပ် ၃၀၀၊ အောင်ပန်းထူး-၃ ကျပ် ၂၀၀၊ အောင်ပန်းထူး-၄ ကျပ် ၃၀၀နှင့် အောင်ပန်းထူး-၅ ကျပ်၅၀၀ အသီးသီးဈေးမြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ် ၅၄၀၀ (၁၆၂၀၀၀ ပိဿာ)ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကြက်သွန်ဖြူ အိတ် ၄၅၀၀ (၁၃၅၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သော ကြောင့်ယခင်အပတ်ထက်  ကြက်သွန်ဖြူ အိတ် ၉၀၀ (၂၇၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ ကြောင်းသိရသည်။ 

အာလူး

ဘုရင့်နောင်ကုန်စည်ဒိုင်သို့  တရုတ်မှအာလူးများ ဝင်ရောက်လျက်ရှိရာ အာလူးတစ်ပိဿာ ဈေးနှုန်းများမှာ တရုတ်အာလူး ကျပ် ၄၅၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တရုတ်အာလူး ကျပ် ၅၀၀ဈေးမြင့်တက်ခဲ့သည်။ ကုန်စည်ဒိုင်သို့ အာလူးဝင်ရောက်မှုမှာ ယခင်အပတ်က   ကားအစီးရေ ၃၇ စီး (၂၂၂၀၀၀ ပိဿာ) ဝင်ရောက် ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၁၈ စီး (၁၁၄၀၀၀ ပိဿာ)ဝင်ရောက်ခဲ့သောကြောင့် ယခင် အပတ်ထက် အာလူးကားစီးရေ ၁၉ စီး (၁၀၈၀၀၀ ပိဿာ) လျော့နည်း ဝင်ရောက်ခဲ့ကြောင်းသိရသည်။

Source: ပြည်တွင်းကုန်သွယ်မှုဌာနခွဲ (ရန်ကုန်)

Category: Local News