Local News

ဓနုဖြူမြို့နယ်မှ မအူပင်မြို့နယ်သို့ ဇူလိုလအတွင်း ကွမ်းရွက်ပိဿာချိန် ၈၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ မအူပင်မြို့နယ်သို့ ပြီးခဲ့သည့် ဇူလိုင်လအတွင်း ကွမ်းရွက်ပိဿာချိန် ၈၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဓနုဖြူမြို့နယ် ကွမ်းရွက်နှင့် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းအေးက ပြောပြသည်။ ဓနုဖြူမြို့နယ်မှ မအူပင်မြို့နယ်သို့ ယခုနှစ် ဇွန်လအတွင်း ကွမ်းရွက်ပိဿာချိန် ၅၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ တစ်လအတွင်း ကွမ်းရွက်ပိဿာချိန် ၈၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒေသထွက် ကွမ်းရွက်များသည် အရည်အသွေးကောင်းမွန်ပြီး လူကြိုက်များကြောင်း သိရသည်။

“ဓနုဖြူမြို့နယ်ကနေ ရန်ကုန်နဲ့ မအူပင်မြို့တွေကို လယ်ယာထွက်ကုန်တွေနဲ့ ခြံထွက်ကုန်တွေ တင်ပို့ရောင်းချတာများပါတယ်။ ပြီးခဲ့တဲ့တစ်လအတွင်း မအူပင်မြို့နယ်ဘက်ကို ဒေသထွက်ကွမ်းရွက်ပိဿာချိန် တော်တော်များများ တင်ပို့ရောင်းချခဲ့ရပါတယ်။ သယ်ယူတင်ပို့ရတဲ့လမ်းကြောင်းကလဲ အဆင်ပြေလို့ ဝယ်လက်တွေကလဲ ဒီဘက်ကကွမ်းရွက်တွေကို ကြိုက်ပါတယ်။ ဒါကြောင့် တင်ပို့အားကောင်းလာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ကွမ်းရွက်ပိဿာချိန် ၈၃၀၀၀ ထိ မအူပင်မြို့နယ်ကို တင်ပို့ရောင်းချခဲ့ရတာပါ။ ဒေသထွက်ကွမ်းရွက်တွေ ဝယ်ယူမှုအားကောင်းလာတဲ့အတွက် ကွမ်းစိုက်တဲ့လုပ်ငန်းရှင်တွေ အဆင်ပြေနေပါတယ်” ဟု ဓနုဖြူမြို့နယ်မှ ကွမ်းရွက်နှင့်ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းအေးက ပြောပြသည်။

ဓနုဖြူမြို့နယ်မှ ထွက်ရှိသည့် ဒေသထွက်ကွမ်းရွက်များကို စနစ်တကျရွေးထုတ်သန့်စင်ပြီး ခြင်းများဖြင့်ထည့်ကား ရန်ကုန်ဈေးကွက်အပြင် မအူပင်မြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ဒေသထွက် ကွမ်းရွက်ပိဿာချိန် ၁၀ ပိဿာလျှင် ‌ငွေကျပ် ၁၇၅၀၀၀ ထိ ဈေးရရှိနေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News