Local News

အဝင်ရှိသလောက် အဝယ်သွက်နေသည့် ပဲ(၃)မျိုး

Last Updated:

မန္တလေးကုန်စည်ဒိုင်တွင် မတ်လပထမအပတ်အတွင်း ကုလားပဲ၊ ပဲစင်းငုံနှင့် မတ်ပဲတို့မှာ အဝင် ရှိသလောက် အရောင်းအဝယ်သွက်နေကြောင်းသိရသည်။ သဲတော၊ ဝမ်းတွင်း၊ ကူမဲ၊ စစ်ကိုင်းနှင့် မုံရွာတို့ဘက်မှ ကုလားပဲအသစ်များဝင်ရောက်လျက်ရှိပြီး အဝင်ရှိသလောက်အရောင်းအဝယ်ရှိခြင်း၊ ပြည်ပအထွက်မရှိသော်လည်း စက်ပိုင်နှင့် ကုန်သည်များ ကြိုက်ရောင်းကြိုက်ဝယ်ဖြင့် အရောင်းအဝယ်သွက်နေပြီး၊ ပဲစင်းငုံ(နီ)မှာလည်း ရွှေဘိုနှင့် ကျောက်ပန်းတောင်းတို့မှ ဝင်ရောက်မှုရှိပြီး အရောင်းအဝယ်သွက်နေကြောင်း၊ မတ်ပဲမှာ ဈေးကွက်ဝင်ရောက်မှုမရှိသေးသော်လည်း လက်ကျန်ပဲများနှင့် အရောင်းအဝယ်သွက်နေကြောင်း သိရသည်။

ကုလားပဲဖြူကြီး (V-2) ၅၇.၂၅ ပိဿာဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၂၅၁၀၀၀၊ ယခင်တစ်ပတ်တွင်ကျပ် ၂၄၂၀၀၀၊ ယခင်လတွင်ကျပ် ၃၁၅၀၀၀မှ ၃၂၀၀၀၀ ဖြစ်ပြီး ယခင်တစ်ပတ် ထက်ကျပ် ၉၀၀၀ ထိဈေးမြင့်လာပြီး၊ ယခင်လထက်ကျပ် ၆၄၀၀၀မှ ၇၉၀၀၀ ထိဈေးနိမ့်လာသည်။

ကုလားပဲဖြူကြီး(V-7) ၅၇.၂၅ ပိဿာဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၂၅၂၀၀၀မှ ၂၅၃၀၀၀၊ ယခင်တစ်ပတ်တွင်ကျပ် ၂၄၃၀၀၀၊ ယခင်လတွင်ကျပ် ၃၂၀၀၀၀ဖြစ်ပြီး၊ ယခင်တစ်ပတ် ထက်ကျပ်၉၀၀၀မှ ၁၀၀၀၀ထိဈေးမြင့်လာပြီး၊ ယခင်လထက်ကျပ် ၆၇၀၀၀မှ ၆၈၀၀၀ထိဈေးနိမ့်လာသည်။

ကုလားပဲ(ထိုင်ဝမ်) ၅၆.၂၅ ပိဿာဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၂၄၀၀၀၀၊ ယခင် တစ်ပတ်တွင်ကျပ်၂၃၅၀၀၀၊ ယခင်လတွင်ကျပ်၂၈၀၀၀၀ဖြစ်ပြီး ယခင်တစ်ပတ်ထက်ကျပ် ၅၀၀၀ထိ ဈေးမြင့်လာပြီး၊ ယခင်လထက်ကျပ် ၄၀၀၀၀ ထိဈေးနိမ့်လာသည်။

ကုလားပဲ(929) ၅၆.၂၅ ပိဿာဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၂၄၁၀၀၀၊ ယခင်တစ် ပတ်တွင်ကျပ် ၂၃၀၀၀၀၊ ယခင်လတွင်ကျပ် ၂၈၈၀၀၀မှ ၂၉၀၀၀၀ဖြစ်ပြီး၊ ယခင်တစ်ပတ်ထက်ကျပ် ၁၁၀၀၀ ထိဈေးမြင့်လာပြီး၊ ယခင်လထက်ကျပ် ၄၇၀၀၀ မှ ၄၉၀၀၀ ထိဈေးနိမ့်လာသည်။

ပဲစင်းငုံ(နီ) ၆၀ပိဿာဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၃၇၈၀၀၀ မှ ၃၈၀၀၀၀၊ ယခင် တစ်ပတ်တွင်ကျပ် ၃၄၉၀၀၀မှ ၃၅၀၀၀၀၊ ယခင်လတွင်ကျပ်၃၉၀၀၀၀မှ ၃၉၂၀၀၀ ဖြစ်ပြီး ယခင်တစ် ပတ်ထက်ကျပ်၂၉၀၀၀မှ ၃၀၀၀၀ထိဈေးမြင့်လာပြီး၊ ယခင်လထက်ကျပ် ၁၂၀၀၀ ထိဈေးနိမ့်လာသည်။

မတ်ပဲ၆၀ပိဿာဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ်၂၈၀၀၀၀မှ၂၈၅၀၀၀၊ ယခင်တစ်ပတ် တွင်ကျပ်၂၇၀၀၀၀မှ ၂၇၅၀၀၀၊ ယခင်လတွင်ကျပ် ၃၁၅၀၀၀မှ ၃၂၀၀၀၀ ထိဖြစ်ပြီး၊ ယခင်တစ်ပတ် ထက်ကျပ် ၁၀၀၀၀ ထိဈေးမြင့်လာပြီး၊ ယခင်လထက်ကျပ် ၃၅၀၀၀ ထိဈေးနိမ့်လာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News