Local News

ကြက်သွန်နီ ဈေးကွက်အခြေအနေ

Last Updated:

မတ်လ ပထမပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာပွဲရုံသို့ ကြက်သွန်နီများ နေ့စဉ်ပိဿာချိန် (၂၀၀၀၀)ကျော် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံသို့ ဝင်ရောက်လာသော ကြက်သွန်နီများ ဒေသတွင်း အဆွဲများရှိခြင်း၊ ရန်ကုန်-မန္တလေးနှင့် ချင်းတွင်းအထက် မြစ်ရိုးတစ်လျှာက် တင်ပို့လျက်ရှိကြောင်း သိရသည်။

ယခုတစ်ပတ်အတွင်း မုံရွာပွဲရုံများတွင် ဝင်ရောက်လျက်ရှိသော ကြက်သွန်နီ ပေါက်ဈေးနှုန်းများမှာ (၁)ပိဿာ ပေါက်ဈေးနှုန်းများမှာ လက်ကား(ကြီး) (၂၂၀၀-၂၀၀၀)ကျပ်၊ (လတ်) (၁၉၀၀-၁၇၀၀) ကျပ်၊ (သေး) (၁၆၀၀-၁၅၀၀)ကျပ် ပေါက်ဈေးရှိပြီး အလုံးဆိုဒ်၊ အစိုခြောက်၊ အရောင်အသွေး ပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုများရှိနေပါသည်။ ကြက်သွန်နီ လက်လီဈေးနှုန်းများမှာ (ကြီး) (၂၅၀၀- ၂၃၀၀) ကျပ်၊ (လတ်) (၂၂၀၀-၂၀၀၀)ကျပ်၊ (သေး) (၁၈၀၀-၁၆၀၀)ကျပ်ရှိပါသည်။ ကြက်သွန်ဖြူ လက်ကားဈေးမှာ (ဗမာ) (၈၅၀၀-၉၂၀၀၀)ကျပ်၊ (ရှမ်းစ) (၇၀၀၀-၈၀၀၀)ကျပ်၊ ကြူကုတ် (၆၈၀၀-၇၅၀၀) ကြက်သွန်ဖြူ လက်လီဈေးမှာ (ဗမာ) (၉၀၀၀-၁၀၀၀၀)ကျပ်၊ (ရှမ်းစ) (၇၅၀၀-၈၅၀၀)ကျပ်၊ ကြူကုတ် (၇၂၀၀-၈၁၀၀) ကျပ်ဖြင့် ပစ္စည်းအရည်အသွေးပေါ်မူတည်ပြီး အသီးသီး အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News