Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်အပတ်နှင့်ယခုအပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

မတ်လ ပထမပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းညို၊ နှမ်းဝါ၊ နှမ်းဖြူ၊ နှမ်းနက် ၊မြေပဲလုံးဆံနီ၊ မြေပဲလုံးဆံဖြူနှင့် မြေပဲဆီဆံဖြူ‌ဈေးနှုန်းများ အနည်းငယ်ကျဆင်းနေကြောင်းသိရသည်။ မတ်လ ပထမပတ်တွင် နှမ်းညို တစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၁၀၀၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၀၀၀၀-၁၂၂၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၁၈၀၀၀-၁၃၀၀၀၀)ကျပ်ဖြစ်ကာ ယခင်အပတ် ကာလတူပေါက်ဈေးနှုန်းမှာနှမ်းညို တစ်တင်းလျှင် (၁၀၀၅၀၀) ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၁၀၀၅၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၀၀၀၀-၁၂၅၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၃၁၀၀၀ ) ကျပ် ရှိ၍ ယခင်ပတ်ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက နှမ်းညိုနှင့်နှမ်းဝါ တစ်တင်းလျှင် (၅၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၃၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၀၀၀) ကျပ် ကျဆင်းနေကြောင်းသိရသည်။

မတ်လ ပထမပတ်တွင် မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၆၈၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၄၅၀-၆၅၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၆၃၀၀)ကျပ်ရှိပြီး  ယခင်အပတ် ကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၇၇၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၅၀၀-၆၆၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၆၄၀၀) ကျပ်၊ ကာလတူ အချိန်နှင့်နှိုင်းယှဉ်ပါက  မြေပဲလုံးဆံ/ဆီဆံဈေးနှုန်းများ အနည်းငယ်ကျဆင်းနေကြောင်းသိရသည်။ ယခု တစ်ပတ်တွင် ပဲဆီတစ်ပိဿာ (၁၃၀၀၀-၁၃၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၃၀၀၀)ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၂၉၂၅ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၂၃၂၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၁၇၂၅ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News