Local News

တံတားဦးမြို့နယ် ဇီးပင်ကွေ့ကျေးရွာ၌ စိုက်ပျိုးထားသော မေမြို့ပန်းများ အောင်မြင်ဖြစ်ထွန်း

Last Updated:

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်  ဇီးပင်ကွေ့ကျေးရွာ၌  စိုက်ပျိုးထားသော မေမြို့ပန်းများ  အောင်မြင်ဖြစ်ထွန်းကာ  ဈေးကောင်းရရှိကြောင်း ဇီးပင်ကွေ့ကျေးရွာမှ မေမြို့ပန်းစိုက်ပျိုးသူများ၏ ပြောပြချက်အရ သိရသည်။ ဇီးပင်ကွေ့ကျေးရွာ၌ စားဖိုဆောင်သီးနှံများအပြင် မေမြို့ပန်းနှင့် အောင်သပြေပန်းတို့ကိုပါ စမ်းသပ်စိုက်ပျိုးလျက်ရှိရာ လက်ရှိတွင် မေမြို့ပန်းများ အောင်မြင်ဖြစ်ထွန်းပြီး လှိုင်လှိုင် ထွက်ရှိနေပြီဖြစ်သည်။

မေမြို့ပန်းသည် မြေပွ၍  သဲ၊  နုန်းဆန်သော မြေဆီလွှာကို  ပိုမိုနှစ်သက်ပြီး အထွက်နှုန်းလည်းကောင်းမွန်သဖြင့် ယခုနှစ်တွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများလာကြောင်း၊ ထို့ပြင် ပန်းဈေးကွက်မှာလည်း ယခင်နှစ်ကထက် ပိုမိုကောင်းမွန်ပြီး ဆယ်ပွင့်ပါပန်း တစ်စည်းလျှင် ငွေကျပ် ၂၅၀၀ အထိ ဈေးကောင်းရရှိနေသောကြောင့် ပန်းစိုက်တောင်သူများ အဆင်ပြေကြောင်း သိရသည်။

ယခုအခါ နေအလွန်ပူပြင်းသဖြင့် အဖူး၊ အပွင့်များ နေမလောင်စေရန် အထူးဂရုပြုရကြောင်း၊ အပူချိန်ပြင်းချိန်တွင် ရေမလောင်းရဘဲ ညနေခင်း နေအေးချိန်မှသာ ရေလောင်းခြင်း၊ ပေါင်းရှင်းခြင်း၊ ပိုးကောင်လေးများကို ဖယ်ရှားရှင်းလင်းခြင်း၊   ဆေးဖျန်းခြင်းများ ဆောင်ရွက်ရကြောင်း၊  မေမြို့ပန်းများကို ဖောက်သည်များက  စိုက်ခင်းများအထိ လာရောက် ဝယ်ယူကြကြောင်း သိရသည်။

Source: https://www.myawady.net.mm

Category: Local News