မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် လက်ပံတောကျေးရွာတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဆောင်းမြေပဲများကို လည်း စိုက်ဧက ၁၅၀ ခန့် စိုက်ပျိုးထားရှိကြောင်း၊ ဆောင်းမြေပဲကို ဩဂုတ်လတွင် စတင်စိုက်ပျိုး၍ စိုက်ပျိုးပြီး သုံးလအကြာတွင် တူးဖော်ရကြောင်း သိရသည်။ ဆောင်းမြေပဲမျိုးအနေဖြင့် ပင်ထောင်(အနီ)မျိုးကို ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြပြီး တစ်ဧကလျှင် မြေပဲမျိုးစေ့ သုံးတင်းခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊ မြေပြုပြင်ခ၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ခြောက်သိန်းခွဲခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် တင်း ၁၀၀ ခန့် ထွက်ရှိက ဈေးနှုန်းအနေဖြင့် မြေပဲတောင့် တစ်တင်းလျှင် ငွေကျပ် ၂၀၀၀၀ ဖြင့် ရောင်းချရပြီး တစ်ဧကလျှင် ငွေကျပ် ၁၃ သိန်းခွဲခန့် အမြတ်ရရှိကြောင်း သိရသည်။ အောက်တိုဘာလ ပထမပတ်တွင် မြေပဲသီးနှံ တစ်တင်းလျှင် ငွေကျပ် ၂၅၀၀၀-၃၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မင်းဘူးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ လက်ရှိအချိန်တွင် မြေပဲသီးနှံစိုက်ခင်းများမှာ အဖူးအပွင့်များ ဝေဆာ၍ ဖြစ်ထွန်းအောင်မြင်လျက်ရှိသောကြောင့် အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိပါက အကျိုးအမြတ်များ ပိုမိုရရှိနိုင်ကြောင်း တောင်သူတစ်ဦးထံမှ သိရှိရသည်။
Source: မြန်မာ့အလင်းသတင်းစာ