Local News

ဆန်ဈေးနှုန်းနှင့် ပဲဈေးနှုန်းများ

Last Updated:

မော်လမြိုင်မြို့တွင် ဧပြီလတွင် ဖြစ်ပေါ်နေသောဈေးနှုန်းများမှာ ပေါ်ဆန်းမွှေးဆန်အသစ် တစ်တင်း အမြင့်ဆုံး‌ဈေးမှာ(၁၂၅၀၀၀)ကျပ်၊ အနိမ့်ဆုံးဈေးမှာ(၁၂၂၀၀၀)ကျပ်၊ ပေါ်ကျွဲဆန် အသစ် တစ်တင်း အမြင့်ဆုံးဈေးမှာ(၁၁၀၀၀၀)ကျပ်၊ အနိမ့်ဆုံးဈေးမှာ(၁၀၇၀၀၀)ကျပ်၊ ဧည့်မထ ဆန်အသစ်တစ်တင်း အမြင့်ဆုံးဈေးမှာ(၈၃၀၀၀)ကျပ်၊ အနိမ့်ဆုံးဈေးမှာ (၇၉၀၀၀)ကျပ်နှင့် ပဲတီ စိမ်း(ရွှေဝါ)တစ်တင်း (၆၃၀၀၀)ကျပ်၊ မတ်ပဲတစ်တင်းလျှင်(၉၈၅၀၀)ကျပ်၊  ပဲလွန်းဖြူ တစ်တင်း (၆၃၀၀၀)၊ ဘိုကိတ်တစ်တင်းလျှင်(၇၀၀၀၀)ကျပ်၊ မြေပဲအသစ်တစ်တင်း (၁၆၄၀၀၀)ကျပ် တို့ဖြစ်ပြီး မတ်လတွင်ဖြစ်ပေါ်ခဲ့သောဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဆန်ဈေးနှုန်းများမှာ အတက်အကျမရှိဘဲ ပဲဈေးနှုန်းများမှာ အနည်းအတက်အကျရှိကြောင်း သိရှိရပါသည်။

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး 

Category: Local News