Local News

ဘုရင့်နောင်ကုန်စည်ဒိုင်၏ (၁-၄-၂၀၂၄ မှ ၅-၄-၂၀၂၄) အတွင်း ကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲများ၏ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC  (2024 Crop) ကျပ် ၃၀၄၀၀၀၀၊ မတ်ပဲ SQ/RC (2024 Crop) ကျပ် ၃၂၈၅၀၀၀ နှင့်  ပဲစင်းငုံ Red/ RC(2024 Crop) ကျပ် ၃၈၀၀၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲFAQ/ RC(2024Crop) ကျပ် ၇၂၀၀၀၊ မတ်ပဲ SQ/RC (2024 Crop) ကျပ် ၈၇၀၀၀ နှင့် ပဲစင်းငုံ Red/RC (2024 Crop ) ကျပ်  ၁၂၀၀၀၀ အသီးသီးဈေးမြင့်တက်ခဲ့သည်။။ ယခင်အပတ်က ကုန်စည်ဒိုင်သို့  မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၂၁၀ လုံး (တန်ချိန် ၅၀၄၀) နှင့် ပဲစင်းငုံ Red/RC(2024 Crop) ကွန်တိန်နာ ၅ လုံး (တန်ချိန် ၁၂၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၁၅၀ လုံး (တန်ချိန် ၃၆၀၀) နှင့် ပဲစင်းငုံ Red/RC(2024 Crop) ကွန်တိန်နာ ၁၅ လုံး (တန်ချိန် ၃၆၀) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၆၀ လုံး (တန်ချိန် ၁၄၄၀) လျော့နည်းဝင်ရောက်ခဲ့ပြီး ပဲစင်းငုံ Red/RC (2024 Crop) ကွန်တိန်နာ ၁၀လုံး (တန်ချိန် ၂၄၀) ပိုမိုဝင်ရောက်ခဲ့ကြောင်းသိရသည်။  
ငရုတ် 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး ( တစ်ပိဿာ ) ဈေးနှုန်းများမှာ ပန်းရဲငရုတ်(သစ်) AC ကျပ် ၅၅၀၀၊ မြားနီ ကျပ် ၅၂၀၀၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၉၅၀၀ နှင့် မြစ်ဝပု ကျပ် ၉၀၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ပန်းရဲငရုတ်(သစ်) AC ကျပ် ၃၀၀ ဈေးကျ ဆင်းခဲ့ပြီး ကျန်အမျိုးအစားများမှာဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ယခင်အပတ်က ငရုတ် ရှည်အိတ်ပေါင်း ၉၄၀၀ (၁၈၈၀၀၀ ပိဿာ) နှင့် ငရုတ်ပုအိတ်ပေါင်း၂၀၀၀ (၃၀၀၀၀ပိဿာ)ဝင်ရောက် ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည်အိတ်ပေါင်း ၉၀၀၀ (၁၈၀၀၀၀ ပိဿာ) နှင့် ငရုတ်ပုအိတ်ပေါင်း ၁၉၀၀(၂၈၅၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည်အိတ်ပေါင်း ၄၀၀ (၈၀၀၀ ပိဿာ) နှင့် ငရုတ်ပုအိတ်ပေါင်း ၁၀၀ (၁၅၀၀ ပိဿာ) လျော့နည်း ဝင်ရောက်ခဲ့ကြောင်းသိ ရသည်။  
မန်ကျည်းသီး 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၃၅၀၀ ၊ မန်ကျည်းအသား (သစ်) ကျပ် ၄၆၀၀ နှင့် မန်ကျည်းသီး ရမည်းသင်း ဒါးဇင်း ကျပ် ၃၃၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်းသီးများ ဈေးငြိမ်လျက်ရှိ သည်။ 
 
ထန်းလျက်၊ ကြံသကာနှင့် သကြား 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား(တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၄၀၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၄၅၀၀၊ ပခုက္ကူကြမ်း ကျပ် ၄၂၀၀၊ ရေစကြိုထန်းလျက်(ချော)ကျပ် ၅၅၀၀၊ ကြံသကာ ကျပ် ၄၀၀၀ နှင့် သကြား(ပြည်တွင်း) ကျပ် ၄၄၇၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ထန်းလျက်၊ ကြံသကာနှင့် သကြားများ ဈေးငြိမ်လျက်ရှိသည်။ 
ကြက်သွန်နီ 
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မြစ်သားမြို့တို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ  ကြက်သွန်နီ(တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၂၁၀၀ ၊ ဆိပ်ဖြူ လတ်ကြီး ကျပ် ၂၁၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၂၀၀၀ ၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၆၀၀၊ မြစ်သား သစ်ရှယ် ကျပ် ၃၀၀၀၊ မြစ်သားလတ်ကြီး ကျပ် ၃၀၀၀၊ မြစ်သားလတ်သန့် ကျပ် ၂၈၀၀ နှင့် မြစ်သားလတ်ချော ကျပ် ၂၃၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြက်သွန်နီများ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၁၉၅ စီး(၁၁၇၀၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၁၈၅ စီး (၁၁၁၀၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီးရေ ၁၀ စီး ( ၆၀၀၀၀ ပိဿာ) လျော့နည်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။   
ကြက်သွန်ဖြူ 
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့် အောင်ပန်းမြို့တို့မှ ကြက်သွန်ဖြူများ  နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်ရှယ် ကျပ် ၁၀၅၀၀၊ အောင်ပန်း ထူး-၂  ကျပ် ၇၂၀၀၊ အောင်ပန်းထူး-၃ ကျပ် ၇၈၀၀၊ အောင်ပန်းထူး-၄ ကျပ် ၈၂၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၈၅၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြူကုတ်ရှယ် ကျပ် ၁၀၀၊ အောင်ပန်းထူး-၂  ကျပ် ၄၀၀၊ အောင်ပန်းထူး-၃ ကျပ် ၅၀၀၊ အောင်ပန်းထူး-၄ ကျပ် ၇၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၇၀၀ အသီးသီးဈေး ကျဆင်းခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ် ၄၁၀၀ (၁၂၃၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကြက်သွန်ဖြူအိတ် ၄၇၀၀(၁၄၁၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကြက်သွန်ဖြူအိတ်ရေ ၆၀၀ (၁၈၀၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။      
Source: ပြည်တွင်းကုန်သွယ်မှုဌာနခွဲ(ရန်ကုန်)

 

Category: Local News