Local News

မော်လမြိုင်မြို့တွင်ဖြစ်ပေါ်နေသော ကြက်သွန်ဈေးနှုန်း

Last Updated:

မော်လမြိုင်ကုန်စည်ဒိုင်သို့ ကြက်သွန်များဝင်ရောက်လျက်ရှိရာ ဇူလိုင်လဒုတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်နီဈေးနှုန်းများမှာ မလှိုင်ကြက်သွန်နီ(အကြီး) တစ်ပိသာလျှင် (၂၄၀၀)ကျပ်၊ (အလတ်)တစ်ပိသာလျှင်(၂၃၀၀)ကျပ်၊ မြစ်သား(အသေး) တစ်ပိသာလျှင် (၁၈၀၀) ကျပ်၊ မုံရွာကြက်သွန်နီ(အကြီး) တစ်ပိသာလျှင်(၂၅၀၀)ကျပ်၊ (အလတ်)တစ်ပိသာလျှင် (၂၄၀၀)ကျပ်၊ (အသေး) တစ်ပိသာလျှင်(၁၉၀၀)ကျပ်တို့ဖြစ်ပြီး၊ ကြက်သွန်ဖြူ ဈေးနှုန်း များမှာ ကြူကုတ်တစ်ပိသာလျှင် (၁၀၃၀၀)ကျပ်၊ ထူးလေးတစ်ပိသာလျှင် (၁၀၈၀၀)ကျပ်၊ ထူးငါးတစ်ပိသာလျှင် (၁၁၅၀၀)ကျပ်တို့ ဖြစ်ကြောင်းသိရှိရပါသည်။

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး 

Category: Local News