Local News

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်တွင် (၁-၇-၂၀၂၄ မှ ၈-၇-၂၀၂၄) ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သော ပဲမျိုးစုံနှင့် အခြားကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC  (2024 Crop) ကျပ် ၃၃၁၂၀၀၀၊ မတ်ပဲ SQ/RC (2024 Crop) ကျပ် ၃၆၀၅၀၀၀ နှင့်  ပဲစင်းငုံ Red/ RC(2024 Crop) ကျပ် ၄၄၇၂၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC(2024Crop) ကျပ် ၂၀၀၀၀ နှင့် မတ်ပဲ SQ/RC (2024 Crop) ကျပ် ၁၅၀၀၀ နှင့် ပဲစင်းငုံ Red/RC (2024 Crop ) ကျပ် ၂၅,၀၀၀ အသီးသီး ဈေးကျဆင်းခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့  မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၅၀ လုံး (တန်ချိန် ၁၂၀၀) နှင့် ပဲစင်းငုံ Red/ RC(2024 Crop)  ကွန်တိန်နာ ၁၅ လုံး (တန်ချိန် ၃၆၀)   ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၁၀ လုံး (တန်ချိန် ၂၄၀) နှင့် ပဲစင်းငုံ Red/ RC(2024 Crop)  ကွန်တိန်နာ ၂၅ လုံး (တန်ချိန် ၆၀၀)  ဝင်ရောက်ခဲ့ သောကြောင့် ယခင်အပတ်ထက် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၄၀ လုံး (တန်ချိန် ၉၆၀) လျော့နည်းဝင်ရောက်ခဲ့ပြီး  ပဲစင်းငုံ Red/ RC(2024 Crop)  ကွန်တိန်နာ ၁၀လုံး (တန်ချိန် ၂၄၀)ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။  

ငရုတ် 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ငရုတ်သီး (တစ်ပိဿာ) ဈေးနှုန်းများမှာ ပန်းရဲ ငရုတ် (သစ်) AC ကျပ် ၄၅၀၀၊ မြားနီ ကျပ် ၄၀၀၀ ၊ပန်းတနော်ရှည် ကျပ် ၃၅၀၀၊ ဆင်ဖြူကျွန်း (ပု) ကျပ်၁၁၅၀၀ နှင့် မြစ်ဝပု ကျပ်၁၀၅၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ငရုတ်သီးများ ဈေးငြိမ်လျက် ရှိသည်။ ကုန်စည်ဒိုင်သို့ ယခင်အပတ်က ငရုတ်ရှည် အိတ်ပေါင်း ၂၃၀၀ (၄၆၀၀၀ ပိဿာ)နှင့် ငရုတ်ပု အိတ်ပေါင်း ၂၀၀ (၃၀၀၀ ပိဿာ) ဝင်‌ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၂၄၀၀ (၄၈၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၁၀၀ (၁၅၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည် အိတ်ပေါင်း ၁၀၀ (၂၀၀၀ ပိဿာ) ပိုမို ဝင်ရောက်ခဲ့ပြီး ငရုတ်ပု အိတ်ပေါင်း ၁၀၀ (၁၅၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရ သည်။  

မန်ကျည်းသီး 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၃၅၀၀၊ မန်ကျည်းအသား (သစ်) ကျပ် ၆၂၀၀ နှင့် မန်ကျည်းသီး ရမည်းသင်း ဒါးဇင်း ကျပ် ၃၃၀၀ အသီး သီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း  မန်ကျည်းသီး ပွင့်ကပ် (သစ်)ကျပ် ၁၀၀၊ မန်ကျည်းအသား(သစ်) ကျပ် ၂၀၀ နှင့် ဈေးမြင့်တက်ခဲ့ပြီး ကျန်မန်ကျည်းသီးမှာ ဈေးငြိမ် လျက်ရှိသည်။ 

 ထန်းလျက်၊ ကြံသကာ နှင့် သကြား 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား (တစ်ပိဿာ) ဈေးနှုန်း များမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၄၃၅၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၅၅၀၀၊ ပခုက္ကူကြမ်း ကျပ် ၄၅၅၀၊ ရေစကြို ထန်းလျက်(ချော) ကျပ် ၅၉၅၀၊ ကြံသကာ ကျပ် ၃၃၀၀ နှင့် သကြား(ပြည်တွင်း) ကျပ် ၄၇၅၀ ဈေး အသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တောင်သာမလိုင်(ဒုံး) ကျပ် ၂၅၀၊ ပခုက္ကူကြမ်း ကျပ် ၁၅၀ ဈေးမြင့် တက်ခဲ့ပြီး ညောင်ဦးဆေးရှယ် (ထန်း) ကျပ် ၃၀၀ ဈေးကျဆင်းခဲ့သည် ။ ကျန်အမျိုးအစားများ ဈေးငြိမ်လျက်ရှိသည်။  

ကြက်သွန်နီ

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့်မုံရွာမြိုတို့မှ ကြက်သွန်နီများ နေ့စဉ် ဝင်ရောက်လျက်ရှိရာ  ကြက်သွန်နီ (တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၂၂၀၀ ၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၂၁၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၂၁၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၆၅၀၊ မုံရွာသစ်ရှယ် ကျပ် ၂၀၅၀၊ မုံရွာလတ်ကြီး ကျပ် ၂၀၀၀၊ မုံရွာလတ်သန့် ကျပ် ၂၀၀၀ နှင့် မုံရွာလတ်ချော ကျပ် ၁၅၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ် အတွင်း ဆိပ်ဖြူရှယ် ကျပ် ၁၀၀၊  ဆိပ်ဖြူလတ်ချော ကျပ် ၅၀ ဈေးကျဆင်းခဲ့ပြီး မုံရွာသစ်ရှယ် ကျပ် ၅၀၊ မုံရွာလတ်ကြီး ကျပ် ၁၀၀၊ မုံရွာလတ်သန့် ကျပ် ၁၀၀ နှင့် မုံရွာလတ်ချော ကျပ် ၁၀၀  ဈေးမြင့်တက်ခဲ့သည်။ ကျန်ကြက်သွန်နီများ ဈေးငြိမ် လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၁၀၄ စီး (၆၂၄၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၉၆ စီး (၅၇၆၀၀၀ ပိဿာ) ဝင် ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီးရေ ၈ စီး (၄၈၀၀၀ ပိဿာ) လျော့နည်း ဝင် ရောက်ခဲ့ကြောင်း သိရသည်။   

ကြက်သွန်ဖြူ 

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့် အောင်ပန်းမြိုတို့မှ ကြက်သွန်ဖြူများ  နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်ရှယ် ကျပ် ၉၅၀၀၊ အောင်ပန်းထူး-၂  ကျပ် ၉၀၀၀၊ အောင်ပန်းထူး-၃ ကျပ် ၉၆၀၀၊ အောင်ပန်းထူး-၄ ကျပ် ၁၀၀၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၁၀၅၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။တစ်ပတ်အတွင်း ကြူကုတ်ရှယ် ကျပ် ၄၀၀ ဈေးမြင့်တက်ခဲ့ပြီး ကျန်အမျိုးအစားများ ဈေးငြိမ်လျက်ရှိသည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ် ၄၇၀၀ (၁၄၁၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင်လည်း ကြက်သွန်ဖြူအိတ် ၄၇၀၀ (၁၄၁၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ကြောင်း သိရသည်။ 

အာလူး

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဟဲဟိုးမြို့နှင့် တရုတ်မှ အာလူးများ ဝင်ရောက်လျက်ရှိရာ အာလူး တစ်ပိဿာ ဈေးနှုန်းများမှာ ဟဲဟိုး  OK ကျပ် ၂၆၀၀ ၊ ဟဲဟိုး S1 ကျပ် ၂၆၀၀ နှင့် တရုတ်အာလူး ကျပ်၂၃၀၀ ဈေးနှုန်းအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဟဲဟိုး OK ကျပ် ၅၀၀၊ ဟဲဟိုး S1 ကျပ် ၅၀၀နှင့် တရုတ်အာလူး ကျပ်၁၂၀၀ဈေး မြင့်တက်ခဲ့သည်။ ကုန်စည်ဒိုင်သို့ အာလူး ဝင် ရောက်မှုမှာ ယခင်အပတ်က ကားအစီးရေ ၃၅ စီး (၂၁၀၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ် တွင် ကားစီးရေ  ၂၈ စီး (၁၆၈၀၀၀ ပိဿာ)ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် အာလူး ကားစီးရေ ၇ စီး (၄၂၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

Source: ပြည်တွင်းကုန်သွယ်မှုဌာနခွဲ (ရန်ကုန်)

Category: Local News