ပြည်တွင်းသုံး ကုလားပဲအုပ်စု ဈေးကျဆင်းနေပြီး အသစ်ဝင် အညာမြေပဲဆန်များသာ အရောင်းအဝယ်ကောင်းနေကြောင်း ပဲကုန်သည်များထံက သိရသည်။ ပြည်တွင်းသုံးကုလာပဲအုပ်စု မှာ ပို့ကုန်တင်ပို့နိုင်ခြင်းရှိမှ
လက်ရှိအချိန်တွင် ပို့ကုန်ပဲများ သင်္ဘောတင်ပို့မှု အခြေအနေကိုမူတည်ကာ ဈေးနှုန်းအတက်အကျဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း လက်ရှိမှာ ပို့ကုန်သွားရင် ဈေးနှုန်းတက်နိုင်ပေမယ့် ဒီရက်ပိုင်း ဈေး ကျဆင်းနေကြောင်း အလားတူ ပို့ကုန်မသွားနိုင်ရင် ကုလားပဲအုပ်စုလည်း ဈေးကျဆင်းမှာမည်။ပို့ကုန်ကလည်း ဒီနေ့မသွားသေးသော်လည်း မနက်ဖြန် ထွက်ချင်ထွက်တာမျိုးဆိုတော့ စောင့်ကြည့်နေရကြောင်း အရောင်းအဝယ်သွက်နေတာကတော့ အသစ်ဝင် အညာမြေပဲဆန်ပဲရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်း ပွဲရုံ)က ပြောသည်။
"ပဲ၊ နှမ်းဈေးကွက်မှာ ထူးခြားတဲ့ အရောင်းအဝယ်မရှိဘဲ ပုံမှန်သာအရောင်းအဝယ်ဖြစ် နေပါတယ်။ ကုလားပဲအုပ်စုတွေ ဈေးကျဆင်းမှုများနေပါတယ်။ အဝင်ပစ္စည်းကလည်း မပေါဘူး သာဆိုတယ် ဈေးကွက်ထဲ ထွက်ထွက်လာတယ်။ ပြည်တွင်းသုံး ပဲမာလိုင်းတွေပါ ဈေးတက်တာမရှိဘဲ အရောင်းအဝယ် ပုံမှန်ဈေးနဲ့ လည်ပတ်နေပါတယ်။ ကုလားပဲက အခုထိ ပို့ကုန်သွားဖို့ အခုထိတော့ မသေချာသေးဘူး။ ပို့ကုန်မှုဝါဒကို စောင့်ကြည့်နေပြီး ပို့ဖြစ်ရန်တော့ ဈေးတွေမြင့် တက်လာမှာပါ။ ပို့ကုန်ထွက်ရင်တော့ ပဲတွေက ဈေးမြင့်ပါတယ်။ လက်ရှိမှာ အညာမြေပဲဆံတွေ စတင်ဝင်ရောက်လာတော့ ပြည်တွင်းစက်ပိုင်တွေ အဝယ်ကောင်းနေပါတယ်။ မြေပဲဆံက ဆီထွက်အားကောင်းတော့ အဝယ်ကောင်းနေတာပါ။ ဈေးတော့မတက်ဘဲ ပေါက်ဈေးအတိုင်း အရောင်းအဝယ်ကောင်းနေတာပါ။ ပို့ကုန်ပဲတွေလည်း အရောင်းအဝယ် ထူးထူးခြားခြား မရှိသေးပါဘူး" ဟု ၎င်းက ပြောသည်။
မေလ ၉ ရက်တွင် အိန္ဒိယနိုင်ငံ ကုန်သည်များ၏ ဝယ်လိုအား နည်းနေခြင်းဖြစ်ရာ ပို့ကုန်မတ်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၃၈၇၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပဲတီစိမ်းရွှေဝါ တစ်အိတ်လျှင် ငွေကျပ် ၂၁၄၀၀၀၊ အညာ တစ်အိတ်လျှင် ငွေကျပ် ၁၈၆၀၀၀ ပေါက်ဈေးဖြင့် ဈေးမြင့်တက်လာသည်။
ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ဈေးကျဆင်းနေရာ မေလ ၉ ရက်တွင် ကုလားပဲ V2 တစ် အိတ်လျှင် ငွေကျပ် ၂၄၀၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၂၄၇၀၀၀၊ ထိုင်ဝမ် ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၂၀၀၀၀၊ ၉၂၉ ကုလားပဲတစ် အိတ်လျှင် ငွေကျပ် ၂၃၃၀၀၀ အသီးသီးပေါက်ဈေးရှိနေသည်။
ပြည်တွင်းသုံးပဲမာလိုင်းများမှာလည်း လိုအပ်ချက်ရှိသလောက် သာအဝယ်ရှိနေရာ ပဲကြီးတစ် အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၃၅၀၀၀၀၊ မြေထောက်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀၊ ကနေဒါ စားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀ ပေါက် ဈေးရှိနေပြီး မြေပဲအနီလုံးဆံ(မြင်းမူ) တစ် ပိဿာလျှင် ငွေကျပ် ၇၅၀၀ ပေါက်ဈေး ရှိနေသည်။
မေလ ၉ ရက်တွင် နှမ်းမျိုးစုံ အနည်းငယ်ဆက်လက် မြင့်တက်လာရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၄၂၀၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀၊ နှမ်းနက်စမုန် တစ်အိတ်လျှင် ငွေကျပ် ၄၁၀၀၀၀ အသီးသီး ပေါက်ဈေးရှိနေကြောင်း သိရသည်။
Source: မကွေးဂျာနယ်