ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် နှစ်သန်းကျော်တင်ပို့ပြီး အမေရိကန်ဒေါ်လာသန်း ၁၁၀၀ ခန့် ရရှိနိုင်စေရန်အတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် စပါးစိုက်တောင်သူများ ပူးပေါင်းဆောင်ရွက်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
"ဒီဘဏ္ဍာနှစ်မှာ ပို့ကုန်ရည်မှန်းချက်အနေနဲ့ ဆန်တန်ချိန်နှစ်သန်းကျော် အမေရိကန်ဒေါ်လာသန်း ၁၁၀၀ လောက် ပို့ကုန်ဝင်ငွေရရှိဖို့ ရည်မှန်းထားပါတယ်။ ဒီရည်မှန်းချက်တွေ ပြည့်မီအောင်လုပ်ဖို့ဆိုရင် ပြည်တွင်းစားသုံးတဲ့ ဆန်တွေအပြင် ပြည်ပတင်ပို့တဲ့ဆန်တွေလည်း များများထွက်ရှိပြီး အထွက်နှုန်းကောင်းဖို့လိုအပ်ပါ
ယခုအခါ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် လာမည့်မိုးစပါး စိုက်ပျိုးရာသီတွင် နိုင်ငံတစ်ဝန်း၌ စိုက်ပျိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်စေရေး၊ ပြည်တွင်း၌ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးတို့အတွက် သက်ဆိုင်ရာအစိုးရဌာနများ၊ ကုမ္ပဏီများနှင့် ပူးပေါင်းကာ တောင်သူများ လိုအပ်သော စိုက်ပျိုးစရိတ်၊ မျိုးစေ့နှင့် မြေသြဇာများကို အချိန်မီပံ့ပိုးပေးနိုင်ရန် စတင်စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြေ
ထို့ပြင် ပြည်ပသို့ ဆန်စပါးတင်ပို့မှု တိုးတက်မြင့်မားရေးသာမက ပြည်တွင်း စားသုံးမှုဖူလုံစေရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးတို့
Source: https//t.me/popularjournal