Local News

ဧည့်မထဆန်(ဟောင်း)နှင့် ဆန်ကွဲဈေးမြင့်တက်၊ ဧည့်မထဆန်(သစ်)နှင့် ဖွဲနုဈေး အနည်းငယ်ကျဆင်းလာ

Last Updated:

ပဲခူးကုန်စည်ဒိုင်တွင် ဆန်မျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ (၃.၅.၂၀၂၄)ရက်နေ့တွင် မနောသုခ(ဟောင်း) တစ်အိတ်လျှင် ၈၀၀၀ဝ ကျပ်၊ မနောသုခ (သစ်) တစ်အိတ်လျှင် ၇၅၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေး ဆန်တစ်အိတ်လျှင် ၁၃၀၀၀ဝ ကျပ်၊ ဆန်ကွဲB(1,2) တစ်အိတ်လျှင် ၅၃၀၀ဝ ကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ်လျှင် ၅၁၀၀ဝ ကျပ်နှင့် ဖွဲနု တစ်အိတ်လျှင် ၁၅၃၀ဝ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ (၁၀.၅.၂၀၂၄) ရက်နေ့တွင် မနောသုခ(ဟောင်း) တစ်အိတ်လျှင် ၉၀၀၀ဝ ကျပ်၊ မနောသုခ (သစ်) တစ်အိတ်လျှင် ၇၀၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေး ဆန်တစ်အိတ်လျှင် ၁၃၀၀၀ဝ ကျပ်၊ ဆန်ကွဲ B(1,2) တစ်အိတ်လျှင် ၅၅၀၀ဝ ကျပ်၊ ဆန်ကွဲ B(2,3,4) တစ်အိတ်လျှင် ၅၃၀၀ဝ ကျပ်နှင့် ဖွဲနုတစ်အိတ်လျှင် ၁၅၀၀ဝ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ 
ယခုတစ်ပတ် ကာလတူနှိုင်းယှဉ်ချက်အရ မနောသုခ(ဟောင်း) တစ်အိတ်လျှင် ၁၀၀၀ဝ ကျပ်၊ ဆန်ကွဲ B(1,2) တစ်အိတ်လျှင် ၂၀၀ဝ ကျပ်နှင့် ဆန်ကွဲ B(2,3,4) တစ်အိတ်လျှင် ၂၀၀ဝ ကျပ်တို့ ဈေးမြင့်တက်ခဲ့ပြီး ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ်လျှင် ၅၀၀ဝ ကျပ်နှင့် ဖွဲနုတစ်အိတ်လျှင် ၅၀ဝ ကျပ် ဈေးကျဆင်းခဲ့ပါသည်။ ပေါ်ဆန်းမွှေးဆန်ဈေးအနေဖြင့် ဈေးတည်ငြိမ် လျက်ရှိပါသည်။ မနောသုခ(ဟောင်း)နှင့် ဆန်ကွဲဈေးမြင့်တက်သွားခြင်းမှာ ဝယ်လိုအား များလာခြင်းကြောင့် ဈေးမြင့်တက်သွားခြင်းဖြစ်ပြီး မနောသုခ(သစ်)နှင့် ဖွဲနုဈေးကျဆင်းသွားခြင်းမှာ ဝယ်လို အားနည်းခြင်းကြောင့် ဈေးကျဆင်းသွားခြင်းဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

 

Category: Local News