Local News

အိန္ဒိယနိုင်ငံမှ အဝယ်ရှိလာ၍ ပြောင်းဖူးစေ့ဈေးနှုန်း ဆက်တိုက်မြင့်တက်လာ

Last Updated:

မေလဒုတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့ ရှမ်းပြည်နယ်နှင့် အညာဒေသဘက်မှ ပြောင်းဖူးစေ့များ ဝင်ရောက်လျက်ရှိနေသည်။ အန္ဒိယနိုင်ငံသို့ တင်ပို့မှုရှိခြင်း၊ မွေးမြူရေး အစာ တောင့် စက်ရုံများမှပုံမှန်ဝယ်ယူမှုရှိခြင်းတို့ကြောင့်ပြောင်းဖူးစေ့ဈေးနှုန်း ဆက်တိုက်မြင့်တက် လာကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

ရှမ်းပြောင်းဖူးစေ့ ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၅၂၀၀၀ မှ ၅၃၀၀၀ ရှိပြီး ယခင်တစ်ပတ် ကျပ် ၅၁၅၀၀၊ယခင်လ ကျပ်၄၉၀၀၀ မှ ၄၉၅၀၀ ဖြစ်သောကြောင့် ယခင်တစ်ပတ်ထက် ကျပ် ၅၀၀ မှ ၁၅၀၀ ၊ ယခင်လထက် ကျပ် ၃၀၀၀ မှ ၃၅၀၀ မြင့်တက်လာသည်။

စီပီပြောင်း ၅၄ ပိဿာဝင်သုံးတင်း တစ်အိတ်ဈေးနှုန်းမှာ ယခုတစ်ပတ် ကျပ် ၅၂၀၀၀ မှ ၅၃၀၀၀ ရှိပြီး ယခင်တစ်ပတ် ကျပ် ၅၁၅၀၀၊ ယခင်လ ကျပ် ၄၉၀၀၀ မှ ၄၉၅၀၀ ဖြစ်သောကြောင့် ယခင် တစ်ပတ်ထက်ကျပ် ၅၀၀ မှ ၁၅၀၀၊ ယခင်လထက်ကျပ် ၃၀၀၀  မှ ၃၅၀၀ မြင့် တက်လာသည်။

ဗမာပြောင်းဖူးစေ့ ၅၄ ပိဿာဝင်သုံးတင်း တစ်အိတ်ဈေးနှုန်းမှာ ယခုတစ်ပတ် ကျပ် ၅၀၀၀၀ မှ ၅၀၅၀၀ ရှိပြီး ယခင်တစ်ပတ် ကျပ် ၄၉၅၀၀ မှ ၅၀၀၀၀ ၊ ယခင်လ ကျပ် ၄၇၅၀၀ မှ ၄၈၀၀၀ ဖြစ်သောကြောင့် ယခင်တစ်ပတ်ထက်ကျပ် ၅၀၀၊ ယခင်လထက် ကျပ် ၂၅၀၀ မြင့်တက်လာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News