Local News

မော်လမြိုင်မြို့တွင်ဖြစ်ပေါ်နေသော ငါး/ပုစွန်ဈေးနှုန်းများ

Last Updated:

မော်လမြိုင်ကုန်စည်ဒိုင်တွင် မေလဒုတိယပတ်တွင် ဖြစ်ပေါ်နေသောငါး/ပုစွန်ဈေးနှုန်းများမှာ ငါးဒန် တစ်ပိဿာ ၃၅၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၄၈၀၀ ကျပ်၊ ငါးကြင်းဖြူ(ဗိုက်ခွဲ) တစ် ပိဿာ ၁၃၀၀၀ ကျပ်၊ တီလားဗီးယား တစ်ပိဿာ ၇၅၀၀ ကျပ်၊ ငါးကွမ်းရှပ် တစ်ပိဿာ ၁၄၅၀၀ ကျပ်၊ ငါးရွှေကြီး တစ်ပိဿာ ၁၃၀၀၀ ကျပ်၊ ငါးနှပ် တစ်ပိဿာ  ၅၅၀၀ ကျပ်၊ ငါးပျက် တစ်ပိဿာ ၆၇၀၀ ကျပ်၊ ပုစွန်ထုတ်(စိမ်း)ရေချိုအကြီး တစ်ပိဿာ ၆၇၀၀၀ ကျပ်၊ ပုစွန်ထုတ်(စိမ်း) ရေချိုအလတ် တစ်ပိဿာ ၄၈၅၀၀ ကျပ်၊ ပုစွန်ထုတ်(စိမ်း) ရေချိုအသေး တစ်ပိဿာ ၄၅၀၀၀ ကျပ် တို့ဖြစ် ပြီး၊ ဧပြီလနောက်ဆုံးပတ်တွင် ဖြစ်ပေါ်ခဲ့သော ငါး/ပုစွန်ဈေးနှုန်းများမှာ ငါးဒန် တစ်ပိဿာ ၃၈၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၄၇၀၀ ကျပ်၊ ငါးကြင်းဖြူ(ဗိုက်ခွဲ) တစ်ပိဿာ ၁၂၅၀၀ ကျပ်၊ တီလားဗီးယား တစ်ပိဿာ ၇၉၀၀ ကျပ်၊ ငါးကွမ်းရှပ် တစ်ပိဿာ ၁၃၃၀၀ ကျပ်၊ ငါးရွှေကြီး တစ်ပိဿာ ၁၂၈၀၀ ကျပ်၊ ငါးနှပ် တစ်ပိဿာ ၄၂၀၀ ကျပ်၊ ငါးပျက် တစ်ပိဿာ ၆၇၀၀ ကျပ်၊ ပုစွန်ထုတ် (စိမ်း) ရေချိုအကြီး တစ်ပိဿာ ၆၇၀၀၀ ကျပ်၊ ပုစွန်ထုတ်(စိမ်း) ရေချိုအလတ် တစ်ပိဿာ ၄၈၅၀၀ ကျပ်၊ ပုစွန်ထုတ်(စိမ်း) ရေချိုအသေး တစ်ပိဿာ ၄၅၀၀၀ ကျပ်တို့ဖြစ်ပေါ်ခဲ့ရာ မေလဒုတိယပတ်တွင် ငါးဈေးနှုန်းများမှာ အနည်းငယ်အတက်အကျရှိပြီး ပုစွန်ဈေးနှုန်းများမှာအတက်အကျမရှိကြောင်း သိရှိရပါသည်။

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး  
 

Category: Local News