Local News

ပဲစင်းငုံနှင့်မတ်ပဲစျေး အနည်းငယ်ကျဆင်း

Last Updated:

အောင်လံကုန်စည်ဒိုင်တွင် ပဲမျိုးစုံ၊ နှမ်းနှင့် မြေပဲတို့ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်နေရှိပါသည်။ အိန္ဒိယနိုင်ငံ၏အဓိကပို့ကုန်ဖြစ်သည့် ပဲစင်းငုံစျေးမှာ ဧပြီလလယ်ပိုင်းတွင် စျေးငြိမ်နေပြီး မေလဆန်းပိုင်းတွင် စျေးအနည်းငယ် ကျဆင်းလာသည်။ 
ရာသီချိန်ကုန်ဆုံးပြီဖြစ်တဲ့အတွက် စျေးကွက်ထဲသို့ ပဲစင်းငုံကုန်အဝင် မရှိသလောက်ဖြစ်နေပြီး လှောင်လက်သမားများနှင့် တောင်သူကြီးများမှ မိမိတို့၏ကုန်များကို ပွဲရုံတွင်အပ်ကုန် စနစ်ဖြင့်အပ်နှံထားသည့် ကုန်များသာလက်ကျန်ရှိကာ ကုန်လက်ကျန်အနေဖြင့် အိတ်(၄၀၀၀၀) မှ (၅၀၀၀၀) ကြားသာ ကျန်ရှိတော့ကြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရသည်။ 
စျေးနှုန်းများအနေဖြင့် ဧပြီလလယ်တွင် ပဲစင်းငုံ ၂၀ပိဿာတစ်တင်းလျှင် ကျပ်(၁၃၁၀၀၀) စျေး၊ ဧပြီလကုန်တွင် ကျပ်(၁၃၂၀၀၀)စျေး၊ မေလဆန်းတွင် ကျပ်(၁၂၉၀၀၀)စျေးတို့ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့အတွက် ယခုမေလဆန်းပိုင်းတွင် စျေးအနည်းငယ်ကျဆင်းလာသည်ကို တွေ့ရှိရသည်။ 

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး


 

Category: Local News