Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်အပတ်နှင့် ယခုအပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

မေလဒုတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းညို၊ နှမ်းဖြူ၊ မြေပဲဆီဆံဖြူများ  ဈေးငြိမ်၍ နှမ်းနက်၊ မြေပဲလုံးဆံဖြူဈေးနှုန်းများ မြင့်တက်နေပြီး၊ မြေပဲလုံးဆံနီ ဈေးအနည်းငယ် ကျဆင်းနေကြောင်း သိရသည်။ မေလဒုတိယပတ်အတွင်း နှမ်းညို တစ်တင်း ၉၈၀၀၀ ကျပ်၊ နှမ်းဖြူ တစ် တင်း ၁၁၅၀၀၀ - ၁၂၅၀၀၀ ကျပ်၊ နှမ်းနက်တစ်တင်း ၁၁၅၀၀၀ -၁၂၅၀၀၀ကျပ် ဖြစ်ကာ ယခင်အပတ် ကာလတူပေါက်ဈေးနှုန်းမှာ နှမ်းညိုတစ်တင်း ၉၈၀၀၀ ကျပ်၊ နှမ်းဝါတစ်တင်း ၉၈၀၀၀ ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၁၅၀၀၀-၁၂၄၀၀၀ ကျပ်၊ နှမ်းနက် တစ်တင်း ၁၁၀၀၀၀-၁၂၅၀၀၀ ကျပ်ရှိ၍ ယခင်အပတ်ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက နှမ်းနက် တစ်တင်း ၅၀၀၀ကျပ် မြင့်တက်နေပြီး နှမ်းဖြူနှင့် နှမ်းညို ဈေးငြိမ်နေကြောင်းသိရသည်။

မေလဒုတိယပတ်တွင် မြေပဲလုံးဆံ ပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ ၆၅၀၀-၆၆၀၀ ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၇၀၀၀-၇၁၀၀ ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၆၄၀၀ ကျပ်ရှိပြီး ယခင်အပတ် ကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ ၆၉၀၀-၇၀၀၀ ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၆၉၀၀-၇၀၀၀ ကျပ်၊ မြေပဲဆီဆံဖြူတစ်ပိဿာ ၆၄၀၀ ကျပ်၊ ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံနီ တစ်ပိဿာ ၄၀၀ ကျပ် ကျဆင်းနေပြီး မြေပဲလုံးဆံဖြူ တစ်ပိဿာ ၁၀၀ ကျပ် အနည်းငယ်မြင့်တက်နေကြောင်းသိရသည်။ ယခု တစ်ပတ်တွင် ပဲဆီတစ်ပိဿာ ၁၃၀၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၃၀၀၀ ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၂၉၅၀ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၂၄၂၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၁၇၇၅ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရသည်။

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News