Local News

ပဲမျိုးစုံ ပြည်တွင်းတစ်တန်ဈေးနှုန်း ၂၀၂၃ ခုနှစ် နှင့် ၂၀၂၄ ခုနှစ် ကာလတူနှိုင်းယှဉ်ချက်

Last Updated:

ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်၏ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်၊ မေလ ၉ ရက်နေ့တွင် ဖြစ်ပေါ်နေသည့် ပဲမျိုးစုံနှင့်ပြောင်း (FOB) ရန်ကုန် တစ်တန် ဈေးနှုန်းများ နှိုင်းယှဉ်ရာ၌ မတ်ပဲ (FAQ)မှာ ၂၀၂၃ တွင် အမေရိကန်ဒေါ်လာ ၉၂၀ ‌ရှိရာမှ ၂၀၂၄ ခုနှစ်တွင် ၉၈၅ သို့လည်းကောင်း၊ ပဲစင်းငုံနီမှာ  ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀၁၀ ရှိရာမှ ၂၀၂၄ ခုနှစ်တွင် ၁၃၀၀ သို့လည်းကောင်း၊ ပဲတီစိမ်း (FAQ)မှာ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၃၀ ရှိရာမှ ၂၀၂၄ ခုနှစ်တွင် ၆၉၀ သို့ လည်းကောင်း၊ ပဲလွန်းဖြူ (FAQ)မှာ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၁၀ မှ ၂၀၂၄ ခုနှစ်တွင် ၇၁၀ သို့လည်းကောင်း၊ ထောပတ်ပဲ (FAQ)မှာ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀၈၀ မှ ၂၀၂၄ ခုနှစ်တွင် ၁၁၆၀ သို့လည်းကောင်း အသီးသီးဈေးမြင့်တက်ခဲ့ပြီး ကုလားပဲဖြူလုံးကြီး (FAQ) မှာ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉၂၅ မှ ၂၀၂၄ ခုနှစ်တွင် ၈၉၅ သို့လည်းကောင်း၊ ပဲလွန်းနီ (FAQ)မှာ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၈၅ မှ ၂၀၂၄ ခုနှစ်တွင် ၆၉၀ သို့လည်းကောင်း၊ အစေ့ထုတ်ပြောင်း(FAQ)မှာ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၃၀ မှ ၂၀၂၄ ခုနှစ်တွင် ၂၄၅ သို့လည်းကောင်း အသီးသီး ဈေးကျဆင်းသွားကြောင်းကို ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့၏ မေလ ၉ ရက်နေ့တွင် ဖြစ်ပေါ်နေသည့် ပဲမျိုးစုံများ၏ အမြင့်ဈေးနှုန်းများအား ကာလတူနှိုင်းယှဉ်ချက်အရ သိရှိရပါသည်။

Source:  ပြည်တွင်းကုန်သွယ်မှုဌာနခွဲ(ရန်ကုန်)                   

Category: Local News