International News

တရုတ်နိုင်ငံ၏ အမေရိကန်နိုင်ငံသို့ အဝတ်အထည်တင်ပို့သည့် ထိပ်ဆုံးနိုင်ငံနေရာကို ဗီယက်နမ်နိုင်ငံရယူ

Last Updated:

၂၀၂၅ ခုနှစ်၏ ပထမ(၅)လတွင် ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံကိုကျော်ဖြတ်ကာ အမေရိကန်နိုင်ငံသို့ အဝတ်အထည်နှင့် အထည်အလိပ်တင်ပို့သည့် ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံက အမျိုးသားအထည်အလိပ်နှင့် အဝတ်အထည်အုပ်စု (Vinatex)၏အဆိုအရ ဗီယက်နမ်နိုင်ငံသည် ဇန်နဝါရီလမှ မေလအတွင်း အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံတန်ဖိုးရှိသည့် အထည်အလိပ်နှင့်အဝတ်အထည်များတင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ အဆိုပါ စုစုပေါင်းပမာဏထဲမှ အမေရိကန်တစ်နိုင်ငံတည်းသို့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၆ ဘီလီယံတန်ဖိုးရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ အဆိုပါအောင်မြင်မှုသည် ဗီယက်နမ်နိုင်ငံကို အမေရိကန်နိုင်ငံသို့ အထည်အလိပ်နှင့် အဝတ်အထည်တင်ပို့သည့် ကမ္ဘာလုံးဆိုင်ရာဈေးကွက်ဝေစု၏ အကြီးဆုံးဝေစုကိုရယူထားသည့် တရုတ်နိုင်ငံကို ကျော်ဖြတ်နိုင်စေခဲ့ကြောင်းသိရပါသည်။ အဆိုပါကာလအတွင်း ထိပ်ဆုံးတင်ပို့သူ(၃)နိုင်ငံအနက် ဗီယက်နမ်နိုင်ငံသည် အားအကောင်းဆုံးတင်ပို့မှုကြီးထွားမှုကိုပြသနိုင်ခဲ့ပြီး ၎င်းတို့နောက်တွင် ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ရပ်တည်ခဲ့ကြောင်းသိရပါသည်။ သို့သော် ၂၀၂၄ ခုနှစ် ဒုတိယနှစ်ဝက်ကာလကို မျှော်မှန်းကြည့်သောအခါ အဓိကဈေးကွက်များတွင် အထည်အလိပ်နှင့် အဝတ်အထည်ဝယ်လိုအားမှာ သိသိသာသာမြင့်တက်လာခြင်းမရှိနိုင်ကြောင်း Vinatex က မျှော်မှန်းထားကြောင်းသိရပါသည်။ ထို့ကြောင့် အဆိုပါနယ်ပယ်ရှိ ဗီယက်နမ်စီးပွားရေးလုပ်ငန်းများသည် အလွန်ကြီးမားသည့် ဈေးနှုန်းယှဉ်ပြိုင်မှုနှင့်ရင်ဆိုင်ရနိုင်ကြောင်းသိရပါသည်။

Source: Vietnam plus

Source: https://www.doca.gov.mm

Category: International News