Local News

မန္တလေး ပဲ၊ နှမ်း ဈေးကွက်တွင် ပဲတီစိမ်းနှင့် မတ်ပဲ အရောင်းအဝယ်ကောင်းမွန်လျက်ရှိ

Last Updated:

မန္တလေး ပဲ၊ နှမ်း ဈေးကွက်တွင် ပဲတီစိမ်းနှင့် မတ်ပဲ အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း ပွဲစားကုန်သည်စက်ပိုင်များ အဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်) အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြ၍ သိရသည်။ ပဲ၊ ပြောင်း၊ နှမ်း စသည့် ကုန်စည် များထဲတွင် ယခင်လ ပဲတီစိမ်းနှင့် မတ်ပဲမှာ ပြည်တွင်းဈေးကွက်အတွင်းက ဝယ်ယူမှုနည်း ခြင်းကြောင့် အရောင်းအဝယ်အေးခဲ့ကြောင်း၊ ယခုလက်ရှိတွင် ပဲတီစိမ်းနှင့် မတ်ပဲကို ကုန် သည်များဝယ်ယူမှုပြန်လည်များပြားလာပြီး အရောင်းအဝယ်ပြန်လည်ကောင်းမွန်လျက်ရှိ ကြောင်း သိရသည်။

“အခုမန္တလေးဈေးကွက်ထဲမှာ ပဲတီစိမ်းနဲ့ မတ်ပဲအမျိုးအစားတွေ အဝယ်တော်တော်လေး ပြန် လိုက်လာတယ်။ ဈေးကွက်ထဲမှာတော့ အခြားကုန်စည်တွေလဲ ပုံမှန်အတိုင်း အရောင်းအဝယ် ဖြစ်နေပါသည်” ဟု ဦးစက်မောင်ဆွေက ပြောပြသည်။ မန္တလေး ပဲ၊ နှမ်းဈေးကွက်တွင် ယနေ့ ပေါက်ဈေးအရ ပဲတီစိမ်း သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၄၀၀၀၀၊ မတ်ပဲ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။ အလားတူ မန္တလေး ပဲ၊ နှမ်း ဈေးကွက်တွင် နှမ်းနက်(စမုန်) သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၆၂၀၀၀၀၊ နှမ်းညို သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊ နှမ်းဖြူ သုံးတင်းဝင်တစ် အိတ်လျှင် ငွေကျပ် ၄၀၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်)မှ သိရှိရပါသည်။

Source: ရတနာပုံသတင်းစာ

Category: Local News