Local News

ဟင်္သာတမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း ဗိုလ်ကိတ်ပဲ ၂၄ ပြည်ဝင်အိတ် ရေ ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဩဂုတ်လအတွင်း ဗိုလ်ကိတ်ပဲ ၂၄ ပြည်အိတ်ရေ ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ ကြောင်း ဟင်္သာတမြို့နယ်လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဆုမွန်က ပြောပြ၍ သိရသည်။ ဟင်္သာတမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ဗိုလ်ကိတ်ပဲ ၂၄ ပြည်ဝင်အိတ်ရေ ၄၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဩဂုတ် ၁ ရက်နေ့မှ ၃၁ ရက်ထိ ဗိုလ်ကိတ်ပဲ ၂၄ ပြည်ဝင်အိတ်ရေ ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒေသထွက်ဗိုလ်ကိတ်ပဲများကို ဟင်္သာတမြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များက ဝယ်ယူပြီးရန်ကုန်ဈေးကွက်သို့ တင်ပို့ ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

“ဒေသတွင်းဈေးကွက်အပြင် ရန်ကုန်ဈေးကွက်ထဲ တင်ပို့ရောင်းချနေတဲ့ ဗိုလ်ကိတ်ပဲတွေ က အရည်အသွေးကောင်းပါသည်။ ဟင်္သာတမြို့နယ်ကနေ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လထဲမှာ ဗိုလ်ကိတ်ပဲ ၂၄ ပြည်ဝင်အိတ်ရေအများအပြားတင်ပို့ရောင်းချခဲ့သည်။ အခြားဈေးကွက်တင်ပို့ရောင်းချနိုင်ခဲ့အတွက် ကုန်ချင်းဖလှယ်လို့လဲရသလို ဈေးနှုန်းလဲ အကုန်ရသည်။ ဗိုလ်ကိတ်ပဲတွေကို ရန်ကုန်ဈေးကွက်က ပြန်လည်ဝယ်ယူအား ကောင်းလာ သည်။ ရန်ကုန်ဈေးကွက်ကို ဗိုလ်ကိတ်ပဲတွေ တင်ပို့ကုန်တက်လာတော့ ကုန်သည်လုပ်ငန်းရှင်တွေအပြင် လုပ်သားတွေပါ လုပ်ငန်းအဆင်ပြေတာပေါ့” ဟု ဟင်္သာတမြို့နယ်လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဆုမွန်က ပြောပြသည်။

ဟင်္သာတမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ဗိုလ်ကိတ်ပဲ ၂၄ ပြည်ဝင် အိတ်တစ်အိတ်လျှင် ငွေကျပ် ၁၀၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း ဟင်္သာတမြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဆုမွန်ထံမှ သိရှိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News