Local News

တောင်တွင်းကြီးမြို့နယ်၌ ခရမ်းသီးဈေးကောင်းရ၍ တောင်သူများအဆင်ပြေ

Last Updated:

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ညောင်ဝန်းကျေးရွာတွင် စားဖိုဆောင်သီးနှံဖြစ်သည့် ခရမ်းသီးကို မြေအောက်ရေတင်စနစ်ဖြင့် တစ်နှစ်ပတ်လုံး စိုက် ပျိုးလျက်ပြီး ယခုနှစ်တွင် ၅ ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။ မျိုးအနေဖြင့် အစိမ်းကြား ခရမ်းသီးမျိုးနှင့် ဆင်စွယ်ခရမ်းသီးမျိုးများကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် ခရမ်းမျိုးစေ့ ၁၉ ထုတ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် အတန်းလိုက် ဘောင်ခတ် စနစ် ဖြင့် စိုက်ပျိုးရပြီး ခရမ်းမျိုးစေ့ကို ပျိုးထောင်၍ ၁၅ ရက်သားအရွယ်တွင် မြေချစိုက်ပျိုးရကြောင်း၊ ဇွန်လတွင် စတင်ပျိုးထောင်၍ စိုက်ပျိုးပြီး ဩဂုတ်လဆန်းတွင် စတင်ထွက်ပေါ်လျက်ရှိရာ ယခုအချိန်တွင် လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ စိုက်ပျိုးထုတ် လုပ်မှုအတွက် မျိုးသွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၁ သိန်းခန့် ကုန်ကျပြီး ပိဿချိန် ၁၅၀၀-၂၀၀၀ ခန့် ထွက်ရှိရာ စိုက်ပျိုးမြေ အနေအထားနှင့် သီးနှံဖြစ် ထွန်းအောင်မြင်မှုအပေါ် မူတည်၍ အထွက်နှုန်းကွဲပြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် စက် တင်ဘာလ ပထမပတ်တွင် ခရမ်းသီးလက်ကားဈေး တစ်ပိဿလျှင် ငွေကျပ် ၁၅၀၀-၂၀၀၀ ဖြင့် ရောင်းချပြီး ဈေးကွက်အနေဖြင့် တောင်တွင်းကြီးမြို့ပေါ်ရှိ ကုန်စိမ်းပွဲရုံများသို့ တင်ပို့ ရောင်းချကြောင်း၊ အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၁၁ သိန်းကျော်ခန့်ရရှိရာ ယခုနှစ်တွင် ခရမ်းသီးအထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိသောကြောင့် ထိုက်သင့်သည့် အကျိုးအ မြတ်များ ရရှိကြောင်း သိရှိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: Local News