Local News

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် သံချပ်ကုန်းကျေးရွာ ခရမ်းသီးနှံ ဈေးကောင်းရ၍ အကျိုးအမြတ်ရရှိ

Last Updated:

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် သံချပ်ကုန်းကျေးရွာရှိ တောင်သူများသည် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းကို လုပ်ကိုင်ကြပြီး စပါး၊ နှမ်း၊ ပဲ၊ ပြောင်း၊ ငရုတ် စသည့် သီးနှံများကို အများဆုံးစိုက်ပျိုးလျက်ရှိရာ ကုန်စိမ်းသီးနှံ တစ်မျိုးဖြစ်သော ခရမ်းသီးနှံကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်းသိရသည်။ ခရမ်းသီးစိုက်ပျိုးရာတွင် မျိုးစေ့ကို ပျိုးထောင်ကာ ၄၅ ရက်သားအရွယ်တွင် စိုက်ပျိုး၍ စိုက်ပျိုးပြီး သုံးလခန့်အကြာတွင် အသီးများစတင်ခူးဆွတ်နိုင်ကြောင်း၊ မျိုးအနေဖြင့် ခရမ်းသီး-၅၅၅ မျိုးနှင့် မြှုပ်ခရမ်းမျိုးများကို စိုက်ပျိုးကြပြီး စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ရှစ်သိန်းခန့် ကုန်ကျကြောင်း၊ ခရမ်းသီးကို လေးရက်ခြားတစ်ကြိမ် ခူးဆွတ်ရပြီး ခရမ်းသီးများ လှိုင်လှိုင်ထွက်ပေါ်ချိန်တွင် အထွက် နှုန်းပိုလာကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ပတ်လျှင် ပိဿာချိန် ၃၀၀-၄၀၀ အထိ ထွက်ရှိ၍ ခရမ်းပင်သက်တမ်း ၄-၅ လခန့်အထိ ခူးဆွတ်နိုင်ပြီး မြေအနေအထားနှင့် သီးနှံဖြစ်ထွန်းအောင်မြင်မှုအပေါ်မူတည်၍ အထွက်နှုန်းများ ကွာ ခြားမှုရှိကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများက စိုက်ခင်းအထိ လာရောက်ဝယ်ယူကြပြီး ခရမ်းသီး တစ်ပိဿာလျှင် လက်ကားဈေးကျပ် ၂၅၀၀၊ လက်လီဈေး ငွေကျပ် ၃၀၀၀-၃၅၀၀ ဖြင့် ရောင်းချရကြောင်း၊ တစ်ဧကလျှင် ငွေကျပ် ၁၀ သိန်းခန့် အမြတ်ရရှိရာ ခရမ်းသီးစိုက် တောင်သူများအနေဖြင့် ခရမ်းသီး ဈေးကောင်းရရှိ သောကြောင့် အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

Source: ကြေးမုံသတင်းစာ

Category: Local News